Part - 38

11.3K 1.2K 45
                                    

ရုံးကထွက်လာသည်နှင့် ညီ့ ကိုဖုန်းဆက်တော့ ဖုန်းမကိုင်ပေ။ ညီ့ အဖေရဲ့ ဖုန်းကိုဆက်တော့လည်း ဖုန်းမကိုင်သေးချေ။ ဖုန်းချလိုက်ပြီးခေါ်ရန်ပြင်စဥ် ဝင်လာသည့်ဖုန်းနံပါတ်ရဲ့ပိုင်ရှိင်လေးကြောင့် ပြုံးမိရဲ့သား။ သွားကလည်းအဖြီးသားပေ။

"ကိုဉာဏ် ပြော...
ကလေး ထမင်းကျွေးနေတာမကြားလိုက်လို့....."

တစ်ဖက်မှ ညီ့အသံက ဟယ်လိုမဟုတ်ပါပဲ ဖုန်းမကိုင်နိုင်သေးသည်က ဘယ်လိုဘယ်ရွေ့ဆိုသည်ကို ရှင်းပြနေသည်မို့
ပြုံးလိုက်မိကာ အကျေနပ်ကြီးကျေနပ်နေမိသည်။

"ကိုယ်လာပြီလို့ အဲ့ဒါဖုန်းဆက်တာ....."

လိုလိုချင်ချင်ကို ပြုံးလိုက်မိပါသည်။မဖြစ်နိုင်မှန်းသိသည်။
ပိုင်ဆိုင်ခွင့်မရှိမှန်းလည်းသိသည်။ သို့သော် ကျွန်တော်ခုံမင်နေတတ်ပြီ။ ခဏလောက်တော့ ထိုအတွေးတွေမေ့ထားပါရစေလား။

"ကိုယ်ပဲလား ခေါင်းမပါဘူးလား....."

ညီ့အပြောကို ရယ်ရင်း ကိုယ့်လမ်းကြောင်းအတိုင်းမောင်းနေသည်ကို အတင်းခေါင်းထိုးဝင်လာသည့် တက္ကစီကြောင့်
ကျွတ်စ်သတ်ကာရယ် ဆဲရေးမိသည်။

"Shit....ဒီ Taxi......"

"ကားမောင်းနေတာလား ကိုဉာဏ်....
ဖုန်းချလိုက်မယ်...ဖြေးဖြေးနဲ့ လမ်းမှန်မှန်မောင်းလာခဲ့....."

"ဟုတ်ကဲ့ပါဗျ....."

ဘယ်လောက်ပြုံးဖြီးနေသည်မသိပေ။ ဖုန်းချပြီးသည့်တိုင် ကလေးထမင်းပန်းကန်လေးကို ဘေစင်တွင်ဆေးနေရင်းလည်း ပြုံးနေမိသည်။ကြည်နူးမှုက ရင်ထဲမှာ တလှပ်လှပ်နဲ့
တသိမ့်သိမ့်ခုန်နေသည့် နှလုံးသားရဲ့မူမမှန် စည်းချက်ကလဲ တငြိမ့်ငြိမ့်နဲ့ပင်။ တစ်ယောက်ယောက်ကြည့်နေသလိုခံစားရသည်မို့ ဘေးဘီဝဲယာကိုကြည့်မိတော့ ထမင်းစားပွဲကို
တံတောင်ဖြင့်ထောက်ပြီး မေ့ဖျားထောက်လျက်​ ကြည့် နေကြသည့် Smith နဲ့ အဖေ့ကိုတွေ့ရလေသည်။ နှစ်ယောက်လုံးက ခေါင်းတခါခါနဲ့ ကျွန်တော့်ကိုစိတ်ပျက်လက်ပျက်ကိုကြည့်နေကြသည်။ လူကိုအရူးများ ထင်နေကြလားလဲမသိ။

တံခါးရှေ့ကဘဲလ်ကိုနှိပ်လိုက်တော့ တီဆိုသည့်အသံနဲ့အတူ လော့ခ်ပွင့်လာသည်။ သံပန်းကို ကိုယ်တိုင်ဖွင့်လိုက်ပြီး တံခါးပွင့်တော့တွေ့လိုက်ရသည်က လူကိုပျော်ရွှင်စေကာ
အလုပ်မှာပင်ပန်းခဲ့သမျှ အမောအပန်းတို့ ယူပစ်လိုက်သလိုပျောက်သွားစေသည်။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now