Part - 7

12.4K 1.4K 83
                                    

ရုံးခန်းထဲထိုင်ရင်း အမေရိကားသို့တင်သွင်းနေမည့် ဆန်အိတ်များကို အတွင်းရေးမှူးကိုနန္ဒသွားရောက်ဆွေးနေကာ
အဆင်ပြေသွားသည့် သတင်းကြားရသည်မို့ Mailပို့ရင်းနဲ့ ကျေနပ်ပြုံးများပြုံးနေမိသည်။ အခုရက်ပိုင်းလုပ်ငန်းများ အရမ်းကိုအောင်မြင်ကာ ကြံစည်သမျှအလုပ်တိုင်း ဖြစ်မြောက်နေသည်မို့ ဝမ်းသာလို့မဆုံးပေ။

'ခင်ဗျားရဲ့က တော်တော်အလုပ်ကြိုးစားသူပဲ...
ခင်ဗျားအခုလုပ်နေတဲ့ အလုပ်အောင်မြင်မှာပါ.....
အဆင်ပြေသွားရင် ကျွန်တော့်ကိုလက်ဆောင်မုန့်ဖိုးပေးရမယ်နော်.....' ဟုပြောဖူးသည့် ညီသု ကိုပင် သတိရသွားသေးသည်။ အထွန့်တက်ကာ ပြောလိုက်မိသေးသည်။

'နိုင်ငံခြားကို တင်ပို့ဖို့လုပ်ရတာမလွယ်ဘူး...
ကလေးကစားနေတာ မဟုတ်ဘူးလေ...ငါရင်မောနေတယ်..'
ကျွန်တော်ထိုသို့ပြောသည့်စကားကို ပြန်ချေပသည့် ညီသုက
လက်သန်းခြင်းချိတ်ပြီးကို ကတိတောင်းသွားသည်။

'ကိုဉာဏ် အဲ့အလုပ်သာ တင်ပို့လို့ရရင်
လိုချင်တာတွေ ဝယ်ပေးဖို့ ကတိနော်....'

မျက်လုံးတစ်ဖက်ကို winkလုပ်ပြကာ မှိတ်ပြသည်။
ပြီးနောက် သွားတန်းများပေါ်သည်အထိ ရယ်ပြကာ ကျွန်တော့်ဘေးမှ အိပ်ယာထက်ဝင်အိပ်ကာ စောင်ကိုလုံးနေအောင် ခြုံလျက် အိပ်မောကျသွားသည့် မနေ့ညက
ကောင်လေး ညီသု ကိုသတိရသွားသည်။

စိုးရိမ်ကာ စိတ်ပူနေသည့် ကျွန်တော့်မျက်နှာမကောင်းပါတော့ သူလဲမနေနိုင်၍ထင်ပါ့ မအိပ်ခင် နှစ်သိမ့်သွားသည့်စကားများနဲ့ ထိုကောင်လေးဟာ တခါတလေတော့လည်း
ချစ်ဖို့ကောင်းပါသည်။ ခါးနာနေမည်ဟုဆိုကာ ကုတင်တစ်ခုတည်းကို ဖက်လုံးခြားပြီး မျှသုံးပေးသည်ကိုလဲ ကျေးဇူးတင်ရသေးသည်။ တွေးနေရင်း ဖုန်းသံကြောင့် ကြည့်လိုက်မိရာ အန်တီလေးဆီကပင်။

အန်တီလေးပြန်လာမည်ဟုပြောကာ ဖုန်းချသွားသည်မို့
သက်ပြင်းချရပြန်သည်။ ညီသု ကို ချစ်နေရှာသည့် အန်တီလေးတစ်ယောက် ဘယ်သွားသွားခေါ်သွားကာ မသိလျှင် သူ့တူအရင်းလိုလိုပင်။ ဒါလဲတစ်ခုမကောင်းပေ။
တနေ့ကျွန်တော်နဲ့ညီသု လမ်းခွဲကြရင် တီလေး ဘယ်လိုလုပ်မလဲ။ စိတ်မကောင်းဖြစ်ပေးရုံမှအပ ကျွန်တော်လဲမတတ်နိုင်။ အန်တီလေးကိုရှောင်နိုင်သမျှ ရှောင်ဖို့ရာ ညီသု ကိုလဲ မှာထားရဦးမည်။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now