" ဒါဆို နင့်ရဲ့ရသင့်ရထိုက်တာတွေအတွက် မတိုက်ခိုက်တော့ဘူးလား....? ..''
( နင်လို့ပဲသုံးလိုက်မယ်နော်....စကားများကြတယ်ဆိုတော့လည်း အဲ့လိုပဲရေးလိုက်ပါတယ်....)

ချင်းယီကတော့ မီးဝင်းဝင်းတောက်တဲ့ အကြည့်နဲ့ ထိုလူကြီးကို ကြည့်လာလေ၏။

" တကယ်လို့ အဲ့ဒီအမွေတွေကို ကျွန်မပဲ ဆက်ခံရမယ်ဆိုရင် ကျွန်မရဲ့ ပိုင်ဆိုင်မှုတွေကို လုယူဖို့ကြိုးစားနေတဲ့ မျှော့တွေနဲ့ တိုက်ခိုက်စရာလိုလို့လား....? ဘာလို့ ကျွန်မကိုယ်ကျွန်မ ဒုက္ခခံနေရမှာလဲ....? အစကတည်းက ဖေးယန်ကို ဥက္ကဌကြီးရဲ့ အမွေဆက်ခံသူဆိုပြီး ကြွားဝါထားတာပဲလေ......အခုတော့ အချင်းချင်းကို တိုက်ခိုက်စေချင်ပြန်ပြီ.......ကျွန်မအမေတုန်းကလည်း အဲ့လိုဖြစ်လို့ ဥက္ကဌကြီးက ကာကွယ်ပေးခဲ့လို့လား.......အခုလည်း ကျွန်မက အဲ့ဒီကောက်ကျစ်တဲ့ဟာတွေနဲ့ ထပ်ပြီး တိုက်ခိုက်ရမယ် ဟုတ်လား.......''

" တကယ့်ကို အကြီးစား မျှော့တွေ...!''
လုချင်းယီ...ရေရွတ်လာ၏။

သူမရဲ့ ရုတ်တရက် ထွက်လာတဲ့ အသံကြောင့် ရှန်းရီ...ဟန့်တားဖို့ မမှီလိုက်ပေ။

" ချင်းအာ...!''

ဒီကောင်မလေးကတော့ ကိုယ့်မိသားစုကို အဲ့လောက်တောင် နိမ့်ကျအောင် ပြောဆိုရလား....
ဒါမှမဟုတ် သူမယောင်္ကျားဘက်က အားကိုးရှိလာလို့များလား....?

" ဘာလဲ...?''
သူမရိုင်းမိတာတော့ မှန်ပါတယ်...ဒါပေမယ့် ဒီတစ်ကြိမ်မှ အဲ့လိုမပြောရင် ရင်ထိုးဆိုတာ ဘယ်တော့မှ ရလာမှာမဟုတ်ပေ။...ဘယ်လိုပဲဖြစ်ဖြစ် အမေ... အလေးအနက်ထားတဲ့ ပစ္စည်းကိုတော့ ရအောင်ပြန်ယူရမယ်....!

သူမအဖိုးဆီကနေ အမွေတွေပဲမျှော်လင့်ခဲ့တာမဟုတ်ပါဘူး.....ငယ်ငယ်လေးကတည်းက ဆင်းဆင်းရဲရဲနဲ့ တစ်ကောင်ကြွက်ဖြစ်ခဲ့တဲ့သူမက မိသားစုရဲ့ မေတ္တာဓာတ်တွေ.....ကာကွယ်ပေးမှုတွေ... ထောက်ပံ့ ပေးမှုတွေ လိုချင်ခဲ့တာ....ဒါပေမယ့် အကုန်လုံးက လျစ်လျူ ရှုထားကြတယ်....မျက်ကွယ်ပြုထားကြတယ်.....အခုအချိန်မှ ပြန်လာပါဆိုတော့ ဘာသွားလုပ်ရမှာလဲ....?

အဖိုးကတော့ အသက်တွေကြီးလာလို့ အသားတွေလည်း ပျော့တွဲကာ တုန်ချိနေလေပြီ။ လမ်းလျှောက်ရင်လည်း တုတ်ကောက်ဆောင်ထားရပြီး အသံတွေလည်း တုန်နေလေပြီ....အဖိုးကိုတော့ သူမအားနာပါရဲ့.....ဒါပေမယ့် သူမရင်ထဲက ခါးသီးမှုတွေ လုံးဝမပြေပျောက်သေးဘူး....!.

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now