လုချင်းယီ ....တဆတ်ဆတ်တုန်ရီရင်း ပြောလာ၏။

ဟုတ်တယ်...အရမ်းကို နောက်ကျသွားပြီပါလား.......ငါသာ နောက်မိန်းမ မယူခဲ့ဘူးဆိုရင် ငါ့မိန်းမရော ငါ့သမီးရော ဒီလိုခံစားရမှာမဟုတ်ဘူး......ငါ...မကာကွယ်ပေးလိုက်နိုင်ခဲ့ဘူး......ငါ့သမီးကို အမွေဖြတ်ခဲ့မိတာ အမှားဆုံး လုပ်ရပ်ပဲ....!

" ဘယ်အချိန်ပြန်လာဖို့ စိတ်ကူးထားလဲ..
.? ချင်းအာ...''
ဆန်းဥက္ကဌကြီး မေးလာ၏။ သူ့မြေးမလေးကို ကာကွယ်ဖို့တော့ နောက်မကျသေးဘူးမလား...? ဘယ်လိုပဲဖြစ်ဖြစ် လုချင်းယီဟာ သူ့ရဲ့ သွေးသားပါပဲ.....

" ကျွန်မအမေရဲ့ ရင်ထိုးကို ပြန်ပေးရင်တော့ ပြန်လာရင်ပြန်လာမှာပေါ့......ဖေးရန်က ငယ်ငယ်လေးကတည်းက ကျွန်မဆီကနေ လုသွားတာ...''

ဒီပစ္စည်းလေးက ဆန်းမိသားစုကနေ သူမအလိုချင်ဆုံးတစ်ခုပင်။ နောက်ပြီး ဒီပစ္စည်းကဆန်းမိသားစု အစဉ်အဆက် ဆက်ခံခဲ့တဲ့ ပစ္စည်းဆိုလည်း ဟုတ်ပေသည်။ အဲ့ဒီပစ္စည်းကို ပိုင်ဆိုင်တဲ့သူသာလျှင် ဆန်းမိသားစုရဲ့ အမွေတွေကို ဆက်ခံရလိမ့်မည်။

သူမရဲ့ ရှစ်နှစ်ပြည့်မွေးနေ့တုန်းက ရင်ထိုးကို သူမအမေပေးခဲ့တာဖြစ်ပြီး သူမအမေရဲ့ နောက်ဆုံးလက်ဆောင်ဆိုလည်း မမှားပေ။ သူမ ဆန်းစံအိမ်မှာနေတုန်းက သူမရဲ့ ဝမ်းကွဲမောင်နှမဖြစ်တဲ့ ဆန်းဖေးယန်...လုယူသွားခဲ့သည်။ သူမပြန်ရအောင် ကြိုးစားခဲ့ပေမယ့် ဆန်းဖေးယန်က လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက နိုင်ငံခြားမှာ ပညာသွားသင်တဲ့အတွက် အစအနတောင် မတွေ့ရတော့ပေ။

ဆန်းဖေးယန်က စာအရမ်းတော်တဲ့အတွက် ဆန်းမိသားစုရဲ့ အားကိုးရာတစ်ယောက်ဖြစ်ချေ၏။
သူမက ဉာဏ်ကောင်းပြီး ပညာရေးဘက်မှာလည်း ထူးချွန်တာကြောင့် ဆန်းကော်ပိုရေးရှင်းရဲ့ ဆက်ခံသူအဖြစ်လျာထားကြသည်။

" ရင်ထိုးလား...?''

ဆန်းဥက္ကဌကြီးက မျက်မှောင်ကြုတ်ကာ လက်နောက်ပစ်ပြီး ပြောလာချေ၏။

" ကိုယ့်ကိုယ်ကို အမွေဆက်ခံသူအဖြစ် သတ်မှတ်ထားစေချင်ရင် မြေးလေးမှာ ရင်ထိုးရှိနေရမှာပေါ့....''

" မဟုတ်ဘူး....!''
လုချင်းယီ... ဒေါသထွက်ပြီး အော်လာလေ၏။

ရှန်းရီကတော့ သူ့မိန်းမရဲ့ ထူးဆန်းတဲ့ အပြုအမူကြောင့် အံ ့သြလိုနေ၏။ သငေ်္ဘာခရီးစဉ်ကနေ အခုနေလာတဲ့တစ်လျှောက် သူမ...အခုလို ဒေါသထွက်နေတာမျိုးကို တစ်ခါမှ မမြင်ဖူးပေ။ သူမမိသားစုရဲ့ ပြဿ      နာက အဲ့လောက်ထိတောင် ဒေါသထွက်စေတာလား... ? အရင်ကလည်း ရင်ထိုးအကြောင်း သူ့ကို မပြောဖူးပါဘူး.....
ဆန်းဖေးယန်။ ဒီနာမည်ကို သူကြားဖူးနေပေမယ့်....မမှတ်မိနေပေ။

သူမက ရှန်းစံအိမ်မှာ..... သူမအဒေါ်နဲ့ ဆန်းကျီရန်ကို ခနဲ့တဲ့စကားတွေနဲ့ ဆန်းမိသားစုကို ပြန်လာမယ်ဆိုပြီး  ပြောဆိုခဲ့မိသည်။ တကယ့်တော့ သူမ အဲ့ဆီကို လုံးဝမသွားချင်တော့ပါ။ ရှန်းရီနားမှာပဲ တစ်သက်လုံး အေးအေးချမ်းချမ်းနဲ့နေပြီး သူမအမေပိုင်တဲ့ ပစ္စည်းကိုသာ ပြန်လိုချင်နေခဲ့တာပင်။

" နင့်အမေက နင့်ကို အဲ့ပစ္စည်းပေးခဲ့တယ်....အဲ့ဒီပစ္စည်းက ဆန်းမိသားစုရဲ့ သွေးသားအရင်းသာ ပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတာလည်း  မှန်ပါတယ်.....ဒါပေမယ့် နင့်ကိုယ်နင် အဲ့အမွေပစ္စည်းနဲ့ ထိုက်တန်တယ်လို့ ထင်နေလား....!''

ဆန်းဥက္ကဌကြီးက ချင်းယီကို အဲ့လိုနာအောင်ပြောရင်....သူမလည်း မခံချင်တဲ့စိတ်နဲ့ သူမကိုယ်သူမ ကိုယ်ရည်ကိုယ်​သွေး မြှင့်တင်​လာမလား ဆိုတဲ့ အကြံနဲ့ သူ့ရဲ့ စိတ်ကူးကို ပြောင်းလဲပစ်ခဲ့သည်။ ချင်းယီက ဒီပစ္စည်းကို တကယ်လိုချင်ရင် ဆန်းဖေးယန်ကို ရင်ဆိုင်ရလိမ့်မည်။ အဲ့တာမှ သူမရဲ့ အရည်အချင်းတွေ ထွက်လာမှာ.....

တကယ်တော့ ချင်းယီက အမွေဆက်ခံထိုက်သူ ဖြစ်ပြီးသားပါ.....


စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now