Part_13 (Unicode)​

Start from the beginning
                                    

"အသက်..."

နှုတ်မှလွှတ်ခနဲထွက်သွားသော အမည်နာမတစ်ခုဟာ ကျွန်တော့်ရေှ ့ကကောင်မလေး၏ မျက်ဝန်းများကို ပြူးကျယ်ဝိုင်းစက်သွားစေတယ်။

ကျွန်တော်ခေါင်းတေွကိုက်လာပြန်ပြီ။

မျက်လံုးတေွကိုမမှိတ်ချင်ဘူး။ ထပ်ပြီးမြင်ရမယ့်မြင်ကွင်းတေွအတွက် ကျွန်တော်အဆင်သင့်မဖြစ်သေးဘူး။

"​ဒီမှာ...ဘာ​ ဘာဖြစ်တာလဲ?"​

ကြမ်းပြင်ပေါ်ဒူးထောက်ချလိုက်ကာ ခေါင်းကိုအတင်းထုရိုက်နေမိတယ်။ ခါချဥ်အံုထဲခေါင်းနှစ်ထားရသလိုပင်။ တဆစ်ဆစ်နဲ့နာကျင်မှုကြောင့် ပူနွေးနွေးအရည်များက ပါးပြင်ပေါ်ဖြတ်သန်းစီးဆင်းလာကြတယ်။

ထိုစဥ်...

"အရမ်းနာသွားတာလားဟင်...တို့တောင်းပန်ပါတယ်။ မငိုပါနဲ့နော်"

ပါးပြင်ပေါ်ထိတေွ​ ့လာတဲ့​ လက်ဖဝါးနုနုကြောင့်ကျွန်တော့်စိတ်တေွတစ်မျိုးကြီးဖြစ်လာရတယ်။ သို့ပေမယ့်ကျွန်တော်မတွန်းထုတ်မိဘူး။

"တောင်းပန်ပါတယ်"​

ခါးကနေဆွဲဖက်လိုက်ကာ ကောင်မလေးရဲ့ရင်ခွင်ထဲတိုးဝင်မိတယ်။ စိတ်တေွကအစိုးမရဘူး။ စိတ်ထဲမှာ​လည်း​ တောင်းပန်စကားကိုထပ်ခါထပ်ခါရေရွတ်နေမိသလို၊ အပြင်မှာလည်းတောင်းပန်ပါတယ်ဆိုတဲ့စကားကိုပဲ ထပ်တလဲလဲဆိုနေမိတယ်။

မသိလျှင် အပြစ်သားတစ်ယောက်လို။

"မငိုပါနဲ့...ရင်ဘတ်ထဲကနာလို့ပါ။"​

သူစိမ်းမိန်းကလေးတစ်ယောက်အပေါ် ကျွန်တော်ဘာကြောင့်ဒီလောက်ထိ လက်ရဲဇက်ရဲနိုင်လွမ်းသည့်​အပြုအမူမျိုးကို လုပ်မိနေရသည်လဲ။ ကျွန်တော့်ကိိုယ်ကျွန်တော်​ ဝေခွဲမရတော့ဘူး။

"Tae Hyung!"

ရုတ်တရက်ဟိန်းခနဲထွက်လာတဲ့အသံကြောင့် ကျွန်တော်တို့နှစ်ယောက်စလံုး တုန်တက်သွားရတယ်။ အဝေးကလေျှာက်လာနေတဲ့အသံပိုင်ရှင်ကိုကြည့်မိတော့ Hyung​ပင်။

နီရဲနေတဲ့မျက်ဝန်းတေွဟာ ဘယ်လိုအဓိပ္ပာယ်ကိုဆောင်သလဲ?

Second Person (Season_1)​(Completed)​Where stories live. Discover now