Blind Date Ep1(Zawgyi)

4.6K 183 5
                                    


အပိုင်း-(၁)

"ခင်ဗျားတို့ BLIND DATEဆိုတဲ့ Appကိုကြားဖူးကြသလားဗျ။
ဒါကရိုးရိုး dating appတစ်ခုဆိုပေမယ့် ခင်များတို့ရဲ့ personal infoတွေကို သေချာစွာထိန်းသိမ်းထားပေးပြီး လက်တွဲဖော်ကိုရှာပေးတဲ့ appတစ်ခုပဲ။
မယုံမရှိနဲ့ ဒီကfeed backတွေကိုအရင်ဖတ်ကြည့်ပြီး စမ်းလိုက်ကြ။ "

"ဟာ ဒီ APPကလဲကွာ မDownမချင်းကိုပေါ်နေတော့တာပဲ အာရုံပဲ''
ရှား တစ်ယောက်စိတ်ပျက်လက်ပျက်ညည်းတွားလိုက်သည်။

"မင်းမေကြီးတော် လက်တွဲဖော်ကငါ့ကိုရှာကျွေးမှာမို့လား"

ရှုပ်ပါတယ် ကြည့်လိုက်တော့ storageမှာနေရာသိပ်မယူတာမို့ သူdownloadလုပ်လိုက်မိသည်။ သူဖုန်းကိုအာရုံစိုက်နေတုန်း ဖုန်းcallတစ်ခုကဝင်လာတော့သူကြည့်လိုက်ရာ ခေါ်ဆိုသူက အစ်ကိုဒီး(ကိုနန်ဒီး)တဲ့။

"ပြော ဘရားသား "

" ညီလေးရှား အစ်ကိုရှာခိုင်းထားတဲ့ဖိုင်တွဲလေး" ကိုနန်ဒီး၏ စကားဆုံးအောင် မစောင့်နိုင်တော့ဘဲ သူ့ရဲ့ ရလေလိုလေဗီဇလေးက ပညာပြလို့လာသည်။

"ဘရားသား အလကားတော့ဘယ်ရမလဲ။ ကျွန်တော် ဘိုင်ပြတ်နေပြီ။ နှစ်ကြိမ်စာဗိုက်ဖြည့်ပေးမယ်ဆို အခုချက်ချင်းဖိုင်ကို အစ်ကို့ဆီ လာပို့ပေးလိုက်မယ်...အိုကေလား။"

ရှားက တစ်ဖက်သူ၏စိတ်ကို အသေချာကိုသိ၏။ ထိုသူသည် သူက အငယ်ဖြစ်တာကြောင့်လား ဒါမှမဟုတ် သဘောကောင်းလွန်းသည်လားတော့မသိ သူ့ကိုဆို ဘယ်တုန်းကမှ မငြင်းဆန်‌ပေ။ ငြင်းတာမျိုးကို မလုပ်နိုင်သည့်လူစားမျိုးပင်။

ကျွန်တော်က သူ့ထက်၂နှစ်ငယ်တဲ့ ဂျူနီယာ ထပ်ပြောရရင်တောက်တဲ့လိုကောင်ဟူသော ဝေါဟာရသည် ကျွန်တော်နှင့်အကိုက်ဆုံးပဲလို့ပြောလိမ့်မည်ထင်သည်။

အစ်ကိုဒီးက စိတ်ရှည်သည်းခံတတ်တဲ့ ကျနော့်ရဲ့ စီနီယာဗျ။
ကျောင်းတုန်းတည်းက တကောက်ကောက်လိုက်ပြီး ပညာယူခဲ့ရတဲ့သူဆိုပိုမှန်မယ်။

သူ့နာမည်က Dee (Conan Dee)။
သူက စုံထာက်ရူးဗျ Detective Conanတို့
ရှားလော့ဟုမ်းတို့ကိုအရမ်းအားကျလို့ စုံထောက်ဖြစ်လာတာလို့ပြောရမယ်။

Blind Date (OC) (Completed)Where stories live. Discover now