Crystal Sun လည်း ဒီတစ်ပတ်အတွင်းမှာ လုံးဝကြီးကို ဒေဝါလီခံလိုက်ရပြီ။သူမအမေဆီကနေလည်း ရထားတဲ့ ဆုတွေပြန်သိမ်းခံရပြီး ဒီလောက်အခြေအနေထိရောက်သွားအောင်.... လုချင်းယီလုပ်နိုင်လိမ့်မယ်လို့ တစ်ခါမှ မထင်ထားမိချေ။

လုချင်းယီက ရှန်းမိသားစုကို ကပ်ပြီး ငါတို့ကို ပြန်တိုက်ခိုက်နေတာလား...? ရှန်းသခင်ငယ်လေးတစ်ယောက်နဲ့ တွဲနေတယ်လို့တော့ သတင်းထွက်နေပါရဲ့....ဒါပေမယ့် သတင်းအတိအကျကိုတော့ ဘယ်သူမှ အတည်မပြုရဲကြပေ။ အဲ့ဒီပွဲမှာ သူမလည်း နှစ်ယောက်လုံးနဲ့ လုချင်းယီစကားပြောနေတာကို မြင်လိုက်တယ် မဟုတ်ပါလား....

သူမ တိုက်ခန်းထဲကို ဝင်လာတော့ အရာရာတိုင်းက ပြန့်ကြဲလို့နေသည်။ အခန်းထဲထောင့်လေးမှာတော့ ဆန်းယူရင်းတစ်ယောက် ကလေးတစ်ယောက်လိုမျိုး ထိုင်နေကာ ဒူးခေါင်ပေါ် ခေါင်းတင်ပြီး ငိုကြွေးလို့နေ၏။ 

" အမေ...!''
ဆန်းကျီရန်....ကိုင်လာတဲ့ အိတ်ကိုပစ်ချကာ သူမအမေဆီ ပြေးသွား၏။ထို့​နောက် သူမအမေရဲ့ မျက်နှာပေါ်က မျက်ရည်တွေကို သုတ်ပေးလိုက်သည်။ ဒီမြင်ကွင်းကြောင့် သူမရင်ကွဲရချေပြီ။

ဆန်းယူရင်းက သူမသမီးလာပြီး ကူညီတာကိုမသိဘဲ ကြောက်လန့်တုန်လှုပ်စွာဖြင့် မဟုတ်တရုတ်စကားတွေသာ ဗလုံးဗထွေး ပြောလို့နေ၏။ သူမသမီးရောက်နေတာကိုသိတော့ နံရံထောင့်ကို ပိုကပ်သွားပြီး အရူးတစ်ယောက်လိုမျိုး အော်ဟစ်လာပြန်သည်။

" မလာနဲ့...မလာနဲ့.!..သွား ၊ ငါ ဘာမှမလုပ်ခဲ့ဘူး...အဲ့တာ မင်ကိုင်း ခိုင်းလို့...ငါကျိန်ပြောရဲပါတယ်....အဲ့တာကြောင့် ငါ့ကို ဘာမှမလုပ်ပါနဲ့...''
ဆန်းယူရင်းက ငိုလိုက်ရယ်လိုက်လုပ်ရင်း ဆန်းကျီရန်ကို တွန်းထုတ်လိုက်သည်။

ဆန်းကျီရန် လဲကျသွားပြီးနောက် သူမအမေဖြစ်ပျက်နေပုံကိုကြည့်ပြီး အတွေးတစ်ခုက သူမခေါင်းထဲဝင်လာ၏။

" အမေ...ဘာတွေပြောနေတာလဲ....? ဘာတွေ ဖြစ်ခဲ့လို့လဲ...?''
ကျီရန်က သူမအမေရဲ့ ပုခုံးကို လှုပ်ခါလိုက်သည်။ သတိလက်လွတ်ဖြစ်နေတာများလား....?

" ကျီရန်...၊ ငါ့ကိုဘာမှမလုပ်နဲ့လို့ ပြောပေးပါလား....ငါ သူ့ကို ဘာမှမလုပ်ခဲ့ဘူး....''

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now