----------

သူမအမေ နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်သွားပြီးနောက် ဆန်းကျီရန် ဖုန်းယူလိုက်ပြီး သူမအဖိုးဆီ ဖုန်းခေါ်လိုက်၏။

" နင့်အမေ အခြေအနေ ဘယ်လိုလဲ...?''
ဆန်းသခင်ကြီး မေးလာလေ၏။
Crystal Sun ဘယ်လိုဖြစ်သွားလဲဆိုတာကို သူလည်း သိထားတယ် မဟုတ်ပါလား....

" အခြေအနေ သိပ်မကောင်းဘူး...ဥက္ကဌကြီး... ''
ဆန်းသခင်ကြီးက သူမကို တရားဝင်မိသားစုအဖြစ် မသတ်မှတ်ထားတဲ့အတွက် ငယ်ငယ်လေးကတည်းက ဥက္ကဌကြီးလို့ပဲ ခေါ်ခဲ့သည်။

" ပေါက်တက်ကရတွေ ပြောပြီး ကြမ်းပြင်ပေါ်မှာ ငိုနေတယ်....''

" အိမ်ကို ခေါ်ခဲ့...! ချင်းအာနဲ့ပေးတွေ့ရမယ်....
ချင်းအာအပေါ် မှားခဲ့တဲ့ အပြစ်တွေကို ပြန်တောင်းပန်ရမယ်.....''

ဆန်းကျီရန်....ဖုန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး အံကြိတ်လိုက်သည်။ အဲ့ခွေးမကို ဘာလို့ တောင်းပန်ရမှာလဲ...? ဒင်းကြောင့် အမေ ဒုက္ခရောက်နေရပြီမလား...? ဒီစကားကိုသာ သူမအမေကြားရင် သွေးတက်ပြီး မေ့လဲသွားလိမ့်မည်။
ဆန်းကျီရန်.....သူမရဲ့ ဒေါသတွေကို မြိုသိပ်လိုက်ပြီး.....

" နားလည်ပါပြီ....ဥက္ကဌကြီး....၊ အခုတော့ အနားယူနေပါတယ်...မနက်ဖြန် ဆက်ဆက်လာခဲ့ပါမယ်....''

ဒီကိစ္စနဲ့ ပတ်သက်ပြီး သူမရင်ထဲမှာ ဆိုးဆိုးဝါးဝါး ခံစားနေရ၏။ အဖိုးက လုချင်းယီ....ပြန်လာဖို့ မျှော်လင့်နေတာလား...? ဒါဆို သူမတို့ကရော....

Unicode......

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၁၁၃။

အခြားတစ်ဖက်မှာတော့........

ဆန်းကျီရန်တစ်ယောက် သူအမေရဲ့ သတင်းကို ကြားပြီး သူမအမေနေတဲ့ တိုင်ခန်းဆီကို ပြေးလာတော့သည်။ သူမလည်း ပြဿ      နာတွေကို ဖြေရှင်းနေရတာကြောင့် သူမအမေဆီကို နောက်ကျမှ လာနိုင်ပေသည်။

အခုလည်း ရှန်းလုပ်ငန်းစုရဲ့ ဥက္ကဌက ဆန်းကော်ပိုရေးရှင်းနဲ့ အလုပ်လုပ်တဲ့ လုပ်ငန်းစုမှန်သမျှ ရှန်းလုပ်ငန်းစုနဲ့ လာမပတ်သက်နဲ့လို့ ကြေညာလိုက်တဲ့အတွက် ဆန်းကော်ပို​ရေးရှင်းလည်း ပြဿ      နာတွေနဲ့ ရင်ဆိုင်နေရလေပြီ....

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now