" မလာနဲ့...မလာနဲ့.!..သွား ၊ ငါ ဘာမှမလုပ်ခဲ့ဘူး...အဲ့တာ မင်ကိုင်း ခိုင်းလို့...ငါကျိန်ပြောရဲပါတယ်....အဲ့တာကြောင့် ငါ့ကို ဘာမှမလုပ်ပါနဲ့...''
ဆန်းယူရင်းက ငိုလိုက်ရယ်လိုက်လုပ်ရင်း ဆန်းကျီရန်ကို တွန်းထုတ်လိုက်သည်။

ဆန်းကျီရန် လဲကျသွားပြီးနောက် သူမအမေဖြစ်ပျက်နေပုံကိုကြည့်ပြီး အတွေးတစ်ခုက သူမခေါင်းထဲဝင်လာ၏။

" အမေ...ဘာတွေပြောနေတာလဲ....? ဘာတွေ ဖြစ်ခဲ့လို့လဲ...?''
ကျီရန်က သူမအမေရဲ့ ပုခုံးကို လှုပ်ခါလိုက်သည်။ သတိလက်လွတ်ဖြစ်နေတာများလား....?

" ကျီရန်...၊ ငါ့ကိုဘာမှမလုပ်နဲ့လို့ ပြောပေးပါလား....ငါ သူ့ကို ဘာမှမလုပ်ခဲ့ဘူး....''

" ကျူ ရှန်းရော......? သူမဘယ်မှာလဲ...?''

ဆန်းချူ ရှန်းက  ဆန်းကျီရန်ရဲ့ ညီမဖြစ်ပြီး အိမ်က ထွက်သွားတာ ၁နှစ်တောင် ရှိပြီဖြစ်သည်။
အခုထိလည်း ဘာသတင်းအစအနမှ မကြားရသေးပေ။

" မဟုတ်ဘူး...မဟုတ်ဘူး...!''
ဆန်းယူရင်း ခေါင်းခါလိုက်သည်။ သူမတစ်ခေါင်းလုံးလည်း ရှုပ်ပွနေပြီး ရုပ်က အရမ်းအိုစာနေသည်။ ထို့နောက် သူမသမီးကို ဖက်လိုက်ပြီး......

" အဲ့တာအားလုံးက မိန်ရှုကြောင့်ဖြစ်ရတာ...ဒင်းကြောင့်...! ဒါပေမယ့် ဒင်းက ငါ့ကို ကောင်းကောင်းပေးမနေဘူး ....ငါ သူ့ဆီကနေလည်း ဘာမှမယူထားဘူး...! ငါ...သူ့ကိုမသတ်ဘူး...!''
ဆန်းယူရင်း ငိုကြွေးလာ၏။

သူမအမေရဲ့ စကားကြောင့်...ဆန်းကျီရန်...အရင်တုန်းက အချိန်တွေကို ပြန်သတိရသွားသည်။
ဆန်းမိသားစုရဲ့ တရားဝင်သမီးဖြစ်တဲ့ သူမအဒေါ် ဆန်းမိန်ရှုက လွန်ခဲ့တဲ့ ၇နှစ်က ကားမတော်တဆကြောင့် သေဆုံးသွားခဲ့သည်။ ဒါဆို သူမအမေနဲ့ အန်တီ မန်ကိုင်းက ဒီကိစ္စနဲ့ ပတ်သက်နေတာလား....?

သူတို့တကယ်လုပ်ခဲ့တယ်လို့ ပြောခဲ့ရင်တောင်မှ သူမ အံ့ သြလိမ့်မှာမဟုတ်ပါဘူး....ဘာကြောင့်လဲဆိုတော့....ငွေလေ...၊ ချမ်းသာတဲ့ မိသားစုတွေမှာ ငွေကြောင့်နဲ့ အဲ့လိုလုပ်ကြတာက မဆန်းပါဘူး.....၊ ငွေကြောင့် လူသားတွေက နှလုံးသားမရှိဘဲ ဥပဒေနဲ့ ဆန့်ကျင်ပြီး လူတစ်ယောက်ကို ဖယ်ရှားနိုင်တယ် မဟုတ်ပါလား....

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now