Chapter 34: White Magician

1.5K 329 15
                                    

Miracleနဲ့  မှာက guild အသင်းဖွဲ့တိုင်း world channel မှာပါ ကြေညာပေးသည်။

[The Food Squad Guild has been established! Welcome all players to join!

ထိုစာတန်းပေါ်လာတာနဲ့ တစ်ကမ္ဘာလုံးမှ များပြားလှတဲ့ ဝင်ခွင့်စာ တစ်တန်းကြီးက guild window တွင် ပေါ်လာသည်။
ထိုထဲတွင် လင်းရွှယ်ဖုန်းရဲ့ လျှောက်လွှာလည်းပါဝင်နေပေမယ့် များပြားလှသော တခြား​လျှောက်လွှာတွေကြောင့် အောက်ဆုံးသို့ ရောက်သွားသည့်အပြင် လီချန်းယွီရဲ့ သတိပြုမှုသေးသေးတောင် မရလိုက်ပေ။

[မာပို တို့ဟူး က guild ထဲဝင်ရန် တောင်းဆိုထားပါသည်။]

[ပူပူစပ်စပ် အာလူးကြော်က guild ထဲဝင်ဖို့ တောင်းဆိုထားပါသည်။]

[ နိုးပူတင်း ကြိုက်တဲ့ ငါ ' က guild ထဲဝင်ဖို့ တောင်းဆိုထားပါသည်။]

[ငါးပေါင်းက guild ထဲဝင်ဖို့ တောင်းဆိုထားပါသည်။]

......

တက်လာတဲ့ စာလွှာနဲ့ IDတစ်သီတစ်တန်းကို ကြည့်ပြီးနောက် လီချန်းယွီ အတော်တောင် ဗိုက်ဆာသွားသည်။

"ဒီလို guild နာမည်မျိုးပေးထားမှတော့ အစားတစ်လိုင်းတွေပဲ လာမှာပေါ့"

ပိုင်ရွှယ်က လီချန်းယွီကို မျက်စောင်းခဲပြီး အလိုမကျစွာ ပြောလိုက်သည်။

"အစားတစ်လိုင်းမှာလည်း အတော်တွေ ရှိနိုင်ပါတယ်"

ပိုင်ရွှယ် ထပ်မပြောတော့

'ထားပါ။ သူ့မှာ အကြောင်းပြချက်ရှိလို့ နေမှာပေါ့။'

"မင်း သူတို့အားလုံးကို လက်ခံမလို့လား။"

"အင်း အားလုံးကို လက်ခံလိုက်"

"guildအသင်းရဲ့နယ်မြေက level 50 မှဖွင့်မှာ ၊ ငါတို့ အဆင့်မြန်မြန်တက်လို့ရတယ်"

"Congratulations, President Love to Eat Braised Fish has accepted your membership application."

ထိုစာတန်းက Wind Colour အသင်း tranning ခန်းမှာရှိနေတဲ့ လင်းရွှယ်ဖုန်းကွန်ပျူတာမှာလည်း ပေါ်လာပြီး သိပ်မကြာလိုက် ခေါင်းဆောင် Love to Eat Braised Fish ပါ guild channel တွင်ပေါ်လာသည်။

[Guild ထဲဝင်လာတဲ့ ကစားသမားအားလုံးကို ကြိုဆိုပါတယ်။ ငါတို့ဘာသာ levelတက်အောင်လုပ်မယ် ပြီးရင် guild နယ်မြေကို level 50ထိရောက်အောင် တိုက်မယ် ]

ဆင့်ခေါ်သူ (Volume I) Complete [Editing]Where stories live. Discover now