Chapter33 : Guild Formation

1.5K 338 34
                                    

အခန်း(၃၃) အသင်းဖွဲ့ခြင်း

လီချန်းယွီတို့ငါးယောက် နယ်မြေရှင်းလင်းရေးလုပ်နေတာ ညဆယ်နာရီတောင်ထိုးသွားပြီ ဖြစ်သည်။ အကုန်လုံးကလည်း level 45ထိ ရောက်သွားကြပြီး server rankရဲ့ ထိပ်ဆုံးမှာပါ ချိတ်သွားကြသည် ။

Love to Eat Braised Fish ရဲ့ level တက်နှုန်းက ဒုံးပျံတက်ထားတဲ့ အတိုင်းကို မြန်လွန်း နေသည်။ ထိုထဲတွင် Popular land and heaven လည်းပါနေပြီး တစ်ခါမှ online game ဆော့ခွင့်မရှိတဲ့ သူတို့က အခုဘာလုပ်နေကြတာလဲ ဆိုတဲ့ မေးခွန်းရဲ့အဖြေကို လူတိုင်းကသိချင်နေကြသည်။
ထိုအကြောင်းကို လူတိုင်းက သိချင်ပေမယ့် လင်းရွှယ်ဖုန်းက ဘယ်သူ့မှမသိစေနဲ့လို့ အမိန့်ထုတ်ထားတာမို့ guild အသင်းအပါအ၀င် wind Colourအသင်းကပါ ဘယ်သူမှ ပါးစပ်မဟရဲကြပေ။

ဒါကို Time guild အဖွဲ့က ရှောင်လျိုပါတွေ့သွားပြီး ခေါင်းဆောင်ထံ ချက်ချင်းသတင်းပို့တော့သည်။

"Love to Eat Braised Fish က တကယ်မယုံနိုင်စရာပဲ ။ နယ်မြေရှင်းလင်းရေးလုပ်တာ Time အသင်းရဲ့ အတော်ဆုံးတွေစုထားတဲ့ Elite အသင်းထက်ကို သုံးဆလောက် ပိုမြန်နေတယ်။"

"Boss, အဲ့ဒီ Love to Eat Braised Fish က တကယ့်ကို ရှားပါးတဲ့ လူတော်ပဲဖြစ်ရမယ်!"

"ငါသိတယ်။ ငါတို့အသင်းထဲ ၀င်ဖို့တောင် ဂုဏ်မောက်ပြီး မ၀င်နိုင်တာ တော်ရုံတော့ ဘယ်ဟုတ်မလဲ"

"သူက အသင်းထဲမ၀င်ချင်မှတော့ သူ့ကို guild အသင်းထောင်ဖို့ ကူညီပေးလိုက်ရင်ရော ၊ ဒါဆိုရင် ဘယ်သူမှ မဦးခင် အရင်ဆုံး ပူးပေါင်းခြင်းလည်း လုပ်နိုင်သွားမယ်"

ရှောင်လျိုက မျက်လုံးကိုထောင့်ကပ်ကာ ဟန်ပါပါ ဆိုလိုက်သည်။
ထို့နောက် သူ့ရဲ့ ထုံးစံအတိုင်း မေးစေ့ကို လက်နဲ့ပွတ်ပြီး ငါဘယ်လောက်တော်လိုက်လဲ လို့ ဂုဏ်ယူမယ်ကြံတုန်း ဇာတ်ပိုးအအုပ်ခံလိုက်ရတာမို့ မျက်နှာက မအီမသာ ဖြစ်သွားရသည်။

"‌တော်တယ် ရှောင်လျို ။ မင်းကတကယ် စဉ်းစားတတ်တယ်"

Miracle မှာ ရှိတဲ့ guildအသင်းတွေမှာ ရန်သူလုပ်မလား ဒါမှမဟုတ်ရင် ပူးပေါင်းမလား ဆိုတဲ့ အလိုအလျောက်ဖြစ်တဲ့ တိုက်ပွဲတစ်ခုရှိတယ်။

ဆင့်ခေါ်သူ (Volume I) Complete [Editing]Where stories live. Discover now