Chapter 16: Fourth member

2K 382 15
                                    

လေးယောက်မြောက်အသင်း၀င်

ရှူရုန်ရဲ့စကားတွေက အခုထိ လီချန်းယွီကို မှင်သက်‌နေစေတုန်းပင်။ ရှူရုန်  ညစာလာမစားခင်တည်းက အကယ်၍များ ရှူရုန်က အသင်းထဲ၀င်ဖို့ လက်ခံခဲ့ရင် ဆိုပြီး တစ်ချို့သော စည်းမျဉ်းတွေကို ကြိုတင်ပြင်ဆင်ထားပေမယ့် တကယ့်လက်တွေ့မှာတော့ အဲ့လိုမဟုတ်နေဘူး။  စာချုပ်ပေါ်က အင်္ဂလိပ်လို‌ ရေးထားတဲ့ စာလုံးများစွာရဲ့ အဓိပ္ပါယ်ကို နားမလည်ပေမယ့် ဒါက ရှူရုန်နဲ့ ICE club ကြားက စာချုပ်ဆိုတာတော့ လီချန်းယွီသိသည်။

ပြီးတော့ ရှူရုန်က သူတို့နဲ့ ပူးပေါင်းမယ့်ကိစ္စ ၊ ဒါက လီချန်းယွီမျှော်လင့်နေတဲ့ အရာ ၊ ဒါက တကယ်ဖြစ်လာတော့ သူ့မှာ ၀မ်းသာလွန်းလို့ ပြောစရာ စကားလုံးတွေက ရှာမရ ‌ဖွေမရဖြစ်ခဲ့ရပြီး နောက်‌ဆုံးတော့ ရှူရုန်ရဲ့ ပုခုံးကို ပုတ်ကာ ညစာစားဖို့သာ ပြောလိုက်တော့သည်။

"စားရင်းနဲ့ ပြောရအောင် !"

ထမင်းစားပွဲခုံမှာ ထိုင်တော့ ရှူရုန်က သူ့ရှေ့က အမျိုးစုံလှသော ဟင်းပွဲတွေကို ကြည့်ပြီး အံ့သြနေခဲ့တယ်။ ငါးပေါင်းဟင်း ၊ ကြည့်တာနဲ့တင် ချိုပြီး အရသာရှိလှမယ့် နံရိုးဟင်းပွဲ ၊ အသီးအရွက်ကြော် ၊ ခရမ်းသီးနှပ် နဲ့ တိုဟူး အစပ် ......
များပြားလှတဲ့ ဟင်းပွဲတွေက သုံးနှစ်လုံးလုံး အမဲသားစတိတ်ပဲ စားနေရတဲ့ သူ့အတွက်က အံ့ဩမိတာတော့ မဆန်းလှပေ။

လီချန်းယွီက တူကို ကောက်ကိုင်လိုက်ပြီး

"ကယ် ငါတို့ ပိုင်ရွှမ်ရဲ့  အထူးဟင်းပွဲတွေကို မြည်းကြည့်ပါအုံး။ ပြီးရင် အသင်းထဲ မ၀င်ပဲ မနေနိုင်ဖြစ်သွားမှာ သေချာတယ် " ဆိုပြီး စတော့ သည်။

"အဲ့ ကြောင်အိုရဲ့ လေလုံးထိုးနေတာကို နားထောင်မနေနဲ့ ။ ငါက ဒီအတိုင်းလေးပဲချက်ထားတာ မင်းစားလို့ အဆင်ပြေမလားတော့ မသိဘူး။ "

ပိုင်ရွှမ်က မျက်စောင်းတချက်ထိုးကာ ပြန်ပြော‌ လေသည်။

ရှူရုန်က တူကိုကိုင်လိုက်ပြီး ဟင်းတချို့ကို မြည်းကြည့်လိုက်သည်။

"အရမ်းကောင်းတယ် ။ တကယ် အရသာရှိတယ်"

ရှူရုန်ရဲ့ ချီးကျူးစကားကြောင့် ပိုင်ရွှမ် ပြုံးလိုက်ပြီး ဆက်စားဖို့ ပြောလိုက်သည်။

ဆင့်ခေါ်သူ (Volume I) Complete [Editing]Where stories live. Discover now