Chapter-8:Night of Yisu City(1)

2.7K 468 12
                                    

                   ရီစီမြို့ရဲ့ မဟူရာည (၁)

ရီစီမြို့ရဲ့ည ဒါ Miracle မှာဆိုရင် level နိမ့်တဲ့ ကစားသမားခြောက်ယောက်စုဖွဲ့ထားတဲ့ အသင်း တွေ ယှဉ်ပြိုင်တဲ့ race တစ်ခုဖြစ်သည်။

အဲ့ဒီပြိုင်ပွဲရဲ့ ပုံကြမ်းတွေက မခက်ခဲဘူး ဒါကြောင့် လူသစ်တွေအနေနဲ့ ကစားတဲ့အခါ သိပ်ပြီး ယုံကြည်မှုမပျောက်တော့ဘူး။
အဲ့ဒီပြိုင်ပွဲတွေကို "အတွေ့အကြုံ မှတ်တမ်း"လို့လည်းခေါ်တယ်။
ရီစီမြို့ရဲ့ည မှာ မကောင်းဆိုးဝါးတွေရဲ့ experience ကအမြင့်‌ဆုံးဖြစ်ပြီး အဖွဲ့လိုက်လှုပ်ရှားမှုတွေကို ပို ဦးစားပေးထားတယ်။
ဆိုလိုတာက မကောင်း‌ဆိုးဝါးတွေကို အဖွဲ့လိုက်တိုက်ရပြီး အမြင့်ဆုံး experience ကိုရကြတယ် level တက်ဖို့လည်း အရမ်းမြန်တယ်။

ဘာပဲဖြစ်ဖြစ် ခြောက်ယောက်တစ်ဖွဲ့မှ ရတာပဲ။အခုလက်ရှိ လီချန်းယွီမှာ သူပါမှ သုံးယောက်ပဲရှိတယ်။
အကယ်၍ အဲ့သုံးယောက်ကသာ သာမန်အဆင့်နဲ့ ဆိုရင် ပြီးတော့ အခုလို ၀င်တာနဲ့ တိုက်ဖို့ ဆိုတာ သေလမ်းအပြင်မရှိဘူး။

ရှောင်ကူလေး စိတ်ပူနေပေမယ့် သူ့ဘေးက နတ်ဘုရားနှစ်ပါးက ကျွမ်းကျင်ပညာရှင်လေ သူလည်း ကြောက်စိတ်ကို အနောက်မှာ ပစ်ထားခဲ့လိုက်တော့သည်။

ဒီနယ်မြေထဲမှာ ဖျော့တော့တဲ့ အလင်းမှိန်မှိန်လေးသာရှိသည်။
ဂိတ်ပေါက်ကိုဖြတ်ကျော်ပြီးတာနဲ့ တစ်ခုတည်းသော လမ်းက အကြီး‌ဆုံးခေါင်းဆောင်နေတဲ့နေရာကိုဦးတည်ထားသည်။
များပြားလှတဲ့ မျိုးစိတ်ပြောင်းလူသားတွေက လေးယောက်တစ်ဖွဲ့ ဖွဲ့ပြီး ဘေးပတ်ပတ်လည်ကို ကင်းလှည့်နေကြသည်။ သူတို့မှာ အမုန်းတရားတစ်ခုပဲရှိသလို သူတို့ကိုသတ်ရင်လည်း များပြားလှတဲ့ experience တွေကိုရသည်။

"ဒီဘက်လေးယောက်ကို ငါတို့တိုက်မယ်။ငါ သူတို့ကို သတ်တဲ့အချိန် ရှောင်ကူလေးက သူတို့ကို ဆွဲထုတ်သွား"

"ဟုတ် ခေါင်းဆောင်"

ရှောင်ကူလေးကအလျင်အမြန် အရှေ့ကို တိုးသွားပြီး သူ့ရဲ့ အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ ဟိန်းဟောက်သံနဲ့ စပြီးတိုက်ခိုက်လိုက်သည်။

ဆင့်ခေါ်သူ (Volume I) Complete [Editing]Where stories live. Discover now