Chapter31: Real Identity

1.8K 345 47
                                    

အခန်း(၃၁)ပုံစံအစစ်

ရိုမယ့်သူတွေ ရှိတာမို့ ငြိမ်သက်ကြရအောင်

Wind Colour အသင်းက လူတွေအကုန်လုံးက အိမ်မက်ကမ္ဘာထဲ ရောက်နေသည့်အတိုင်းဖြစ်နေသည်။

သေချာတာတစ်ခုက အိမ်မက်ထဲမှာတောင် မြင်ဖို့ခဲယဥ်းသည့် အပြုံးတစ်ခုကို မျက်စိအရှေ့မှာတင် တွေ့နေရခြင်းကြောင့်ဖြစ်သည်။ 

ခေါင်းဆောင်လင်းက ငုတ်တုတ်ကြီးထိုင်ပြီး တကယ်ကြီး ပြုံးနေတာ...။

ဒါကို ဘယ်သူမှ မယုံနိုင်ကြသလို guildအသင်းကလူတွေအကုန်လုံးကလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အတည်ပြုနေကြသည်။

လင်းရွှယ်ဖုန်း ဆိုတဲ့ သူက အမြဲတမ်း အေးစက်ပြီး တည်ကြည်တဲ့မျက်နှာထားနဲ့ သူ့ကိုကြည့်ရုံနဲ့တင် သူ့ရဲ့ ဆွဲဆောင်မှုပြင်းအားနဲ့ ပြတ်သားတဲ့စိတ်ကို ခံစားလို့ရတာမျိုး ဖြစ်သည်။

လူတိုင်းက သူ့ရဲ့ အပြုံးကို မမြင်ဖူးကြသလို သူ့နဲ့အနီးဆုံးမှာ ရှိနေတဲ့ ဒုခေါင်းဆောင်နဲ့ ကျွင်းမိုတောင် လင်းရွှယ်ဖုန်း ပြုံးတာကို မမြင်ဖူးပေ။ ဒီထက်ပိုပြောပါဆို နိုင်ငံတကာဂိမ်းပြိုင်ပွဲမှာ ချန်ပီယံဆုရတုန်းကတောင် မျက်နှာတည်ကြီးနဲ့ ရေခဲတုံးကိုက်ပြီး သတင်းကြေငြာသူတွေကို ပြန်ဖြေခဲ့တဲ့သူ ဖြစ်သည်။ အဲ့လိုလူက အခု screenပေါ်က စာလေးတစ်ကြောင်းကို ကြည့်ပြီး ပြုံးနေတာကြောင့် လင်းရွှယ်ဖုန်း အနောက်မှာ ငုတ်တုတ်ကြီးရပ်နေတဲ့ guildအသင်းက လူတွေအကုန် ကျောက်ရုပ်တွေဖြစ်ကုန်တာ မဆန်းဘူးလို့ ဆိုရမည်။

ကျွင်းမိုလည်း ထိုနည်းတူစွာပင်။

သူထင်ခဲ့တာ သူ့ဆရာက အဲ့ ငါးပေါင်းကြိုက်သူကို စိန်ခေါ်ပြီး လက်စားပြန်ချေပေးမယ်လို့လေ။ ဒါကလည်း ဖြစ်သင့်တာပဲ မဟုတ်ဘူးလား။
အခုတော့ ကျွင်းမို ထိုအတွေးကို မြောင်းထဲလွင့်ပစ်လိုက်ရသည်။
သူ့ဆရာက ငါးပေါင်းကြိုက်သူနဲ့ စာပို့နေတာ နှစ်ရှည်လများရင်းနှီးခဲ့တဲ့သူတွေ အတိုင်းပင်။

ကျွင်းမို အပါအဝင် Guild အသင်းက လူတွေအကုန် အူကြောင်ကြောင်နဲ့ ရပ်ကြည့်နေချိန်  အကုန်သိ ယန်ယွေ့ဝမ်က သူ့ရဲ့ ကြောင်တောင်တောင်ဖြစ်မှုကို အလျင်အမြန်ပြန်ထိန်းလိုက်ပြီး အထိတ်တလန့်နဲ့ မေးလိုက်သည်။

ဆင့်ခေါ်သူ (Volume I) Complete [Editing]Where stories live. Discover now