Chapter-6:First Appearance

3K 497 13
                                    

ပထမအကြိမ်မဟုတ်သော ပထမ ဖြစ်တည်မှု


နတ်သူငယ် နယ်မြေထဲမှာရှိတဲ့ ရေကန်ကလည်း လှပတဲ့နေရာတစ်ခုပင်။
ကြည်လင်ငြိမ်သက်နေတဲ့ ရေကန်ကို လရောင်တို့ကလွှမ်းခြုံထားပြီး အလင်းတွေဖြာနေတဲ့ အုပ်မှိုင်းမှိုင်းသစ်ပင်တို့က ဝန်းရံကာထားသည်။
ငွေရောင်အကိုင်းအခက်တွေက ရေကန်ထဲ တိုးဝင်ထိတွေ့နေပြီး လေပြေဝှေ့ယမ်းလိုက်တိုင်း သစ်ခက်နဲ့အတူ ကန်ရေပြင်ပါ အလိုက်သင့် လှိုင်းထသွားသည်။ ဒါက ငွေရောင်အလင်းတန်းတွေ ရေကန်ထဲ ပစ်လွှတ်လိုက်သလိုပင်။

ဒီနေရာလေးသာ အရင်ကအတိုင်းဆိုရင် ချစ်သူတွေ တွေ့ဆုံချိန်းတွေ့ပြီး ဓာတ်ပုံရိုက်ဖို့ အလှဆုံးနေရာလေးတစ်ခု ဖြစ်နေအုံးမည်။
အခုတော့ ပြောင်းလဲသွားခဲ့ပြီ။
ကစားသမားတော်တော်များများက ဒီနေရာမှာလာပြီး သူတို့ရဲ့ အတွေ့အကြုံကို တိုးအောင်လုပ်ကြသည်။

လီချန်းယွီ ရောက်တော့ မနီးမဝေးက သစ်ပင်နဲ့ လှုပ်ခါနေတဲ့ ရေ တို့ရဲ့ ရနံ့သင်းသင်းလေးပင်ရနေ၏။

သူ့ညာလက်က ဆုပ်ကိုင်ထားတဲ့ မောက်စ်က ချက်ချင်းလှုပ်ခါသွားပြီး keyboard ပေါ်က လက်ချောင်းရှည်သွယ်သွယ်တို့ကို သုံးခါဆက်တိုက် ဖိနှိပ်လိုက်တဲ့အခါ ချစ်စရာကောင်းလှတဲ့ သူရဲ့ ရေနတ်သားလေး ပေါ်လာပြီး သူ့အမိန့်အတိုင်း သစ်ပင်ကို စတင်တိုက်ခိုက်နေလေသည်။

သစ်ပင်အပေါ်က နာမည်ကွက်က အနီရောင်ကိုပြောင်းသွားပြီး လီချန်းယွီကို တိုက်ခိုက်လာသည်။

/သွားပြီ/
ငကြောက်လေး ရှောင်လျိုကတော့ နီးရာ သစ်ပင်နောက်မှာ ဝင်ပုန်းလိုက်ပြီး အလျင်အမြန်စာရိုက်တော့သည်။

/shit....မင်းတကယ် level 8 မကောင်းဆိုးဝါးကြီးကို သွားဆွတာပဲ
သုံးဆင့်တောင်ကွာနေတာ သူငါတို့ကို ချက်ချင်းသတ်ပစ်လိုက်လို့ရတယ်/

/မင်းကို လာမတိုက်စေနဲ့/
လီချန်းယွီ အေးအေးလူလူပြန်ပြောလိုက်ပြီး သူ့အနားတိုးကပ်လာမယ့် မကောင်းဆိုးဝါးကိုသာစောင့်နေလိုက်သည်။ ကြီးမားတဲ့ မကောင်းဆိုးဝါးက သူ့လက်တွေကို ဘယ်ညာရမ်းကာ လီချန်းယွီရဲ့ ဆင့်ခေါ်သူကို တစ်စဆီ ဆုတ်ဖြဲပစ်ဖို့ကြိုးစားနေသည်။

ဆင့်ခေါ်သူ (Volume I) Complete [Editing]Where stories live. Discover now