Chapter 24:Wind Colour Vs Time

1.6K 330 12
                                    

Frost Temple က နတ်ဘုရားတွေရဲ့ ကမ္ဘာမှာ တည်ရှိပြီး နတ်သားတွေ ၀တ်ပြုတဲ့ကျောင်းတော်လည်းဖြစ်သည် ။ ရေခဲသားလို ကြည်ပြာနေတဲ့ အဆောက်အဦးက တိမ်တွေထဲ နစ်မြှုပ်သည်အထိ မြင့်မားပြီး ထောင်ပေါင်းများစွာသော နတ်သားတွေ ၀တ်ပြုဖို့အတွက်လည်း ကျယ်၀န်းသည်။

The Forest Temple ပြိုင်ပွဲက အစောင့်စစ်သားတွေကအစ အကုန်လျော့ချထားပြီး နယ်မြေတစ်ခုလုံးတွင် အနီ အဖြူ အပြာ စိန်တုံးထားသော အခန်းသုံးခန်းသာရှိသည်။

နီးကပ်လွန်းစွာထားထားသော စိန်တုံးတွေကို ယူဖို့က အလွန်ခက်သည်။ တန်စီထျန်က ဒီနေရာကို ရွေးကတည်းက သူ့အသင်းအပေါ် ယုံကြည်မှုရှိတယ်ဆိုတာ သိနိုင်သည်။

အကယ်၍ Forest Templeရဲ့မြေပုံကသာ နာရီလက်တံလို သတ်မှတ်ထားမယ်ဆိုရင် 12နာရီနေရာက Wind Colour အသင်းရဲ့ အစနေရာဖြစ်ပြီး 1နာရီ နေရာမှာ စိန်တုံးအနီ ရှိပြီး 2နာရီနေရာတွင် စိန်တုံးအဖြူရှိမည်ဖြစ်သည်။ 3နာရီနေရာမှာ စိန်တုံးအပြာရှိမှာဖြစ်ပြီး 4နာရီနေရာကတော့ Timeအသင်းရဲ့ မွေးဖွားရာ နေရာဖြစ်သည်။ တစ်ခြားတစ်နည်းနဲ့ပြောရင် နေရာငါးခုလုံးက ယပ်တောင်ပုံသဏ္ဍာန်ရှိပြီး စိန်တုံးသုံးတုံးလုံးက အသင်းနှစ်သင်းရဲ့ အလယ်တွင်ရှိနေသည်။

အကယ်၍ Forest Templeရဲ့မြေပုံကသာ နာရီလက်တံလို သတ်မှတ်ထားမယ်ဆိုရင် 12နာရီနေရာက Wind Colour အသင်းရဲ့ အစနေရာဖြစ်ပြီး 1နာရီ နေရာမှာ စိန်တုံးအနီ ရှိပြီး 2နာရီနေရာတွင် စိန်တုံးအဖြူရှိမည်ဖြစ်သည်။ 3နာရီနေရာမှာ စိန်တုံးအပြာရှိမှာဖြစ်ပြီး 4နာရီနေရာကတော့ Time...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(ဒါမျိုးလေး အသဲတို့)

စိန်တုံးအနီနဲ့အပြာက ပြိုင်ပွဲစပြီး စက္ကန့်30 အတွင်း စွမ်းအားတိုးလာပြီး စိန်တုံးအနီနဲ့အပြာကို ယူပြီးမှ စိန်တုံးအဖြူက စွမ်းအားတိုးလာသည်။

စိန်တုံးအနီနဲ့အပြာက ယူဖို့လွယ်ပြီး စိန်တုံးအဖြူကို ယူတဲ့အခါ ကစားသမားတွေက အားနည်းသွားတာ ၊ စိတ်ရှုပ်ထွေးတာမျိုး မှော်ဆိုးကျိုးခံစားရတာမျိုးတွေ ဖြစ်တတ်သည်။

ဆင့်ခေါ်သူ (Volume I) Complete [Editing]Where stories live. Discover now