Chapter 26 : Truth

1.6K 338 22
                                    


Time အသင်းက ပေကျင်းကဖြစ်တာကြောင့် ဒီတစ်ခါ ပြိုင်ပွဲတွင် Wind Colour အသင်းက ပေကျင်းထိသွားရသည်။

ဒီလိုပွဲတွေမှာ အမှတ်ရဖို့ကခက်တာကြောင့် 6မှတ်3မှတ် နှင့် နိုင်သွားသည်မှာ အတော်ကို လှတဲ့အနိုင်ပွဲဟုပြောရမည်။

ပြိုင်ပွဲမှာ နိုင်သွားတာဖြစ်လို့ လင်းရွှယ်ဖုန်းကလည်း အသင်းသားတွေကို နေ့လည်စာလိုက်ကျွေးရင်း ခေါင်းဆောင်တာ၀န် ကျေပွန်လိုက်သည်။

ပြိုင်ပွဲတွင် အနိုင်ရလို့ ကျင်းပတဲ့ ပျော်ပွဲရွှင်ပွဲဆိုပေမယ့် ရေခဲတစ်လွှာ ထပ်လောင်းထားတဲ့ အေးစက်ပြီးတည်နေတဲ့ မျက်နှာထားနဲ့ စကားတစ်ခွန်းမှ မပြောပဲ တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းနှစ်လွှာအပြင် တောင့်တောင့်ကြီးထိုင်နေခဲ့တဲ့ ခေါင်းဆောင် လင်းရွှယ်ဖုန်းကြောင့် ပါတီပွဲက ပါတီနဲ့မတူပဲ ဝမ်းနည်းကြေကွဲဖွယ် အခမ်းအနားလိုဖြစ်နေကာ အသင်းသားတွေမှာလည်း ကမ္မဌာန်းရှူနေရသလို မလှုပ်ရဲ မစားရဲပဲ တောင့်တောင့်ကြီးထိုင်နေကြသည်။

ဒုခေါင်းဆောင် ယန်ယွေဝမ် နှင့် ကွော်ရွှမ်းကတော့ အရမ်းတက်ကြွနေတယ်လို့ ဆိုရမည်။
သူတို့နှစ်ယောက်လာမှပဲ အသင်းသားတွေလည်း အသက်ရှုနိုင်ကြတော့သည်။

ထိုထဲတွင် ကျွင်းမိုကတော့ သူ့ဆရာလင်းရွှယ်ဖုန်းလိုပင် တိတ်ဆိတ်နေသည်။ ပြိုင်ပွဲမှာရှုံးခဲ့တာက ကျွင်းမိုအတွက် အရှက်ရစရာကိစ္စတစ်ခုလို ဖြစ်နေသည်။ လင်းရွှယ်ဖုန်းကလည်း ကျွင်းမိုရဲ့ စိတ်ကိုသိတာမို့ ဘာမှမပြောပေ။

***


စားသောက်ပြီးတော့ ကားနဲ့ ဟိုတယ်ကိုပြန်လာကြသည်။ ပြိုင်ပွဲက မနက်ပိုင်းဖြစ်တာကြောင့် နေ့လည်မှာ လေယာဥ်နဲ့ ရှန်ဟိုင်းကို ပြန်လာခဲ့ကြသည်။ နှစ်နာရီမှာ အစည်းအဝေးရှိပေမယ့် အဲ့ဒီအချိန်မတိုင်ခင် အရင်ဆုံးအနားယူဖို့ ခေါင်းဆောင်လင်းရွှယ်ဖုန်း မှာသွားသည်။

[ကျွင်းမိုကို ကြည့်ရတာ တစ်ခုခုဖြစ်နေတယ် ။ မနေ့ကတည်းက သူဘာဖြစ်လဲဆိုလည်းမပြောဘူး။ မင်း သူ့နဲ့ စကားပြောကြည့်အုံး ။]

ဆင့်ခေါ်သူ (Volume I) Complete [Editing]Where stories live. Discover now