Chapter 27: Mysterious Master

1.6K 354 11
                                    

အခန်း(၂၇) လျှို့ဝှက်လွန်းသော ဆရာ 

Wind Colour guild အသင်း၌ ခေါင်းဆောင်
Popular Land Under Heaven နဲ့ ဒု​​ခေါင်းဆောင်  တို့ Frost Temple တွင် ခြေဆန့်ကာ နယ်မြေရှင်းလင်းရေးလုပ်နေကြသည်။

"ဒီနေ့ ပြိုင်ပွဲမှာ ငါတို့ခေါင်းဆောင် လင်းရွှယ်ဖုန်းကတော့ တကယ်မိုက်တယ်နော်"

"ဟုတ်တယ် ပထမပွဲမှာ သုံးမှတ်လုံးရှူံးသွားတာ အဲ့ဒီနေရာမှာ တခြားအသင်းသာဆို ဘယ်လိုမှ နိုင်မှာ မဟုတ်တော့ဘူး။ "

ခေါင်းဆောင်နှစ်ယောက်က စကားလေးပြောရင်း ဂိမ်းဆော့ရင်းနဲ့ ဇိမ်ကျနေတာ အနောက်က​ ​ခြေသံကြားလို့ နှစ်ယောက်လုံးလှည့်ကြည့်လိုက်တော့ ခေါင်းကို ဆင်တက်နင်းသာထက် ဆိုးသွားသည်။

ပြောရရင် အခုလေးတင် ဂိမ်းထဲက big boss ကြီးကို သူတို့နှစ်ယောက် သတ်လိုက်နိုင်တာ သို့ပေမယ့် ဒါက အရေးကြီးကိစ္စမဟုတ်တော့ဘဲ အဲ့တာထက် ပိုပြီး အရေးကြီးတာက ကျွင်းမိုရှေ့ကနေ ခြေလှမ်းကျဲကျဲ မျက်နှာတည်တည်ကြီးနဲ့ လျှောက်လာသူ လင်းရွှယ်ဖုန်းသာ ဖြစ်သည်။

လင်းရွှယ်ဖုန်း ဆိုသော သူက guild အသင်းဆိုရင် တစ်ခါတောင် လာမကြည့် စိတ်ထဲလည်းမထားသလို ရှိတယ်လို့ပင် မသတ်မှတ်ထားသူ ဖြစ်သည်။ guild အသင်းတွေရဲ့ ကိစ္စမှန်သမျှကို ဒုခေါင်းဆောင် ယန်ကသာ ဦးစီးပြီး guild အသင်းရုံးခန်းကို ဝင်ထွက်သာဆိုလို့လည်း ဒုခေါင်းဆောင် ယန် သာ ရှိသည်။

ကောင်းကင်ကို မော့ကြည့်ရင် ကြယ်ဆိုတာမျိုးကို မထိတွေ့နိုင်ရင်တောင် မြင်တွေ့နိုင်အုံးမည် ။ သို့ပေမယ့် လင်းရွှယ်ဖုန်း ဆိုတဲ့ သူကိုတော့ မြင်တွေ့ဖို့လည်းခက်သလို ထိတွေ့ဖို့ဆိုတာလည်း ရေထဲက လရိပ်လို ခက်ခဲပေသည်။ ထိုကဲ့သို့ လူမျိုးက အခု သူတို့ရှေ့တည့်တည့်မှာ ရပ်နေတာ မြင်တော့ guild အသင်းက လူတွေအကုန်လုံး ရူးချင်ချင်တောင် ဖြစ်သွားကြသည်။

လင်းရွှယ်ဖုန်းကို မြင်သည်နှင့် အကုန်လုံးက ထိုင်ရာကနေ ကတုန်ကယင်နဲ့ မတ်တပ်ထရပ်လိုက်ကြပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဘာပြောရမှန်းမသိ၊ လင်းရွှယ်ဖုန်းရဲ့စူးရှတဲ့ အကြည့်နဲ့များ ဆုံလိုက်ရင် ဒူးတောင်တုန်သွားရသည်အထိ။

ဆင့်ခေါ်သူ (Volume I) Complete [Editing]Donde viven las historias. Descúbrelo ahora