Chapter 15:Flying Speed

1.9K 393 28
                                    

လီချန်းနဲ့ ရှူရုန်တို့နှစ်ယောက်ပေါင်းပြီး တဖက်အသင်း ဆင့်ခေါ်သူရဲ့ pet ကိုထိန်းချုပ်ထားလိုက်သည်။ ဒါက တစ်ဖက်အသင်းသားကို အနိုင်ယူဖို့ အလွယ်ဆုံးနည်းပဲလေ ။ ဘာလို့ဆို pet တွေက သူတို့သခင်နဲ့ တိုက်ရိုက်ဆက်စပ်နေတာမို့ သခင်လည်း အထိနာပြီးသားပင်။

တစ်ဖက်ကို တိုက်နေတုန်း နတ်ဆိုးရဲ့ တိုက်ခိုက်မှုလည်း ခံနေရတော့ လီချန်းရဲ့ သွေးက ၄၀%သာ ကျန်တော့သည်။

40% က တခြားသော ကစားသမားတွေ အတွက်ဆို သွေးပျက်စရာ အခြေအနေဆိုပေမယ့် လီချန်းအဖို့ကတော့ သူ့ရှေ့က ဆင့်ခေါ်သူနှစ်ယောက်ကို ရှင်းပစ်ဖို့ လုံလောက်နေသေးသည်။

— မီးလုံး မီးလုံး 

__ မိုးကြိုး နတ်သူငယ် ၊ မိုးကြိုးလှိုင်း !

မြင်နေရတဲ့ ဖန်သားပြင်တစ်ခုလုံးက ခရမ်းရောင်မိုးကြိုးရဲ့ လွှမ်းခြုံမှုနဲ့ မီးရောင်တွေ ပေါင်းစပ်ပြီး တောက်ပလို့နေသည်။ ပေါက်ကွဲသံတွေနဲ့အတူ လွင့်စင်လာတဲ့ မီးလုံးတွေရယ်
ကောင်းကင်စပ်ကြားက လေးကြိုးသွယ်ပြီး ဆင်းသက်နေတဲ့ ခရမ်းရောင် ရောင်စဉ်တန်း‌တွေရယ်

ဒါက လီချန်းယွီအတွက် သိပ်လှတဲ့ ညရှုခင်းတစ်ခုပင်။

တိုက်ခိုက်သူတွေနဲ့ ပိုင်ရွှမ်ကတော့ သူ့ကိုယ်သူသာ ကာကွယ်နိုင်ဖို့ ကြိုးစားနေရသည်။ ရှူရုန်က ထုံးစံအတိုင်း ကာကွယ်သူကြီး ဝင်လုပ်ရတာပေါ့။ တိုက်ခိုက်သူရဲ့ ရန်ကလွတ်တော့မှပိုင်ရွှမ်လည်း လီချန်းယွီကို သွေးထပ်ဖြည့်ပေးရတော့သည်။ ဒါပေမယ့်  အဲ့တာက 30%! ပဲ

Cat God က ချက်ချင်းပဲ သူ့ရဲ့ ပေါ့ပါးတဲ့ အလျင်နဲ့ တဖက်အသင်းဆီ ငှက်မွေး‌လေးလို ပျံဝဲသွားလိုက်သည်။

ဒါက ကြည့်နေရင်းတောင် နူးနူးညံ့ညံ့လေး လှုပ်ရှားနေတယ်လို့ ခံစားရစေသည်။

တဖက်အသင်း healer ကတော့ လီချန်းရဲ့ ရေဘောလုံးလေးတွေကြောင့် အေးခဲနေပြီဖြစ်သည်။
ပြာလဲ့လဲ့ ရေဘောလုံးလေးတွေနောက် ထပ်ကြပ်မကွာကပ်ပါလာတာကနီနီရဲရဲ မီးလုံးလေးတွေ...

ဆင့်ခေါ်သူ (Volume I) Complete [Editing]Where stories live. Discover now