Chapter29 : The Past

1.8K 349 15
                                    

အခန်း(၂၉) အတိတ်

လင်းရွှယ်ဖုန်းနဲ့ ပထမဆုံးတွေ့တဲ့ အချိန်က လီချန်းယွီရဲ့အသက် ဆယ့်ခုနစ်နှစ်သာရှိသေးသည်။

ထိုအချိန်က miracle server က တရုတ်မှာလည်း ပွင့်သွားပြီဖြစ်လို့ လီချန်းယွီနဲ့အတူ သူ့သူငယ်ချင်းလေးယောက်က magic classတွင် ကစားခဲ့ကြသည်။

လီချန်းယွီက rookie အဖြစ်ကစားပြီး forest temple ပွင့်သွားချိန် သူနဲ့ကစားဖို့ world channel ကနေ output တစ်ယောက် လိုတယ်ဆိုပြီး စာရေးလိုက်သည်။

သိပ်မကြာလိုက်ပါဘူး LXF ဆိုတဲ့နာမည်က လီချန်းယွီတို့အသင်းမှာ လာjoin သည်။

[ဒါမင်းရဲ့ အစနာမည်တွေလား]

[ဟုတ်တယ်]

သူ တော်တော်ပျင်းတာပဲ။  ဒါ လင်းရွှယ်ဖုန်းနဲ့ ပထမအကြိမ်တွေ့ဆုံမှု၌ လီချန်းယွီပေးတဲ့မှတ်ချက်ဖြစ်သည်။

[မင်းကို သူငယ်ချင်းအဖြစ်addလိုက်မယ် ။ တူတူတိုက်ကြတာပေါ့] လီချန်းယွီ ပြောလိုက်သည်။

Forest Temple မြေပုံက အဆင့်မြင့်ပြီး ပြိုင်ပွဲတွေကလည်းခက်သည်။ ဒါကြောင့် လီချန်းယွီက ရှေ့ကနေခံကစားပေးမယ့် လူတစ်ယောက်လိုနေတာဖြစ်သည်။

[ဘယ်လို တိုက်ရမလဲ သိလို့လား။]

[မသိဘူး]

[ဒါဆို ငါ့နောက်က လိုက်ခဲ့]

ဒီလိုနဲ့ သူတို့ခြောက်ယောက် နယ်မြေသစ်မှာ အတူတိုက်ခိုက်ခဲ့ကြသည်။ လီချန်းယွီကို အံသြစေတဲ့ အရာတစ်ခုက နတ်ဆိုးဆင့်ခေါ်သူရဲ့ level ဖြစ်သည်။

Magic Academy က national server မှာ ပထမဆုံးပွင့်တဲ့ မြေပုံဖြစ်ပြီး ကစားသမားတိုင်းက Frost Temple တွင် အရင်ဆုံးကစားကြရသည်။ လူတိုင်းအတွက် အသစ်ဖြစ်နေပေမယ့် LXS ဆိုတဲ့ သူအတွက်တော့ ရင်းနှီးပြီးသားနေရာတစ်ခု ဖြစ်နေသည်။ သူ့ရဲ့ တိုက်ခိုက်ပုံကိုကြည့်ရင် သေချာပေါက် သူ ဒီဂိမ်းကို ဆော့ထားဖူးတဲ့ သူတစ်ယောက်ဆိုတာ အတပ်ပြောနိုင်သည်။

[မင်း အရင်က ဒီဂိမ်းကို ဆော့ဖူးတာလား?] လီချန်းယွီ မနေနိုင် မထိုင်နိုင် မေးလိုက်သည်။

ဆင့်ခေါ်သူ (Volume I) Complete [Editing]Where stories live. Discover now