Chapter-7:Newcomer

2.6K 464 14
                                    

အခန်း(၇) အသင်းဖော်အသစ်

တကယ်တမ်း သေချာပြောရရင် ပိုင်ရွှမ်က လီချန်းယွီလောက် မတော်ပေ။
သူက ကုသသူအဖြစ်နဲ့ ကစားခဲ့ပြီး အသင်းထဲမ၀င်ခင် သူရဲ့တိုက်ခိုက်မှုစွမ်းရည်က ဆိုးဝါးခဲ့သည်။

အခုလည်း လီချန်းယွီက level 10ကိုရောက်နှင့်ပြီး ဘယ်လောက်တောင်ကြာပြီလဲ သူက အေးအေး သာသာ‌ တိုက် နေတုန်း။

လီချန်းယွီက ပိုင်ရွှမ်ဘေးနားကပ်ထိုင်လိုက်ကာ

"Level 7 ! ?"

"မင်း ဘယ်လို level 10ရောက်သွားတာလဲ မြန်လိုက်တာ"

ပိုင်ရွှမ်းလည်း လီချန်းယွီကို တအံတဩကြည့်ကာပြန်ပြောလိုက်သည်။

လီချန်းယွီကအသာအယာပြုံးရင်း

"ရေခဲသေတ္တာထဲမှာ အမ၀ယ်ထားပေးတဲ့အသီးတွေရှိတယ် စားလိုက်လေ ငါ ဆော့ထားပေးမယ် "

လီချန်းယွီက ပိုင်ရွှမ်နဲ့အနီး‌‌ဆုံး ရွှေ့ကပ်ကာပြောလိုက်သည်။

"ငါတို့ level 10 ရောက်တာနဲ့ ရီစီမြို့တော်ကိုသွားကြမယ်"

"ကောင်းပြီ"

ကောင်းပြီသာ ဆိုတာ ပိုင်ရွှမ်မကျေနပ်နေတာအသိသာကြီး။
သူ ရေခဲသေတ္တာထဲက အသီးပန်းကန်ကို ယူလာပြီး လီချန်းယွီဘေးနား ကပ်ထိုင်လိုက်သည်။
လီချန်းယွီဆိုသူကတော့ ဆော့ရင်းတန်းလန်းနဲ့တောင် သူများပန်းကန်က အသီးကိုနှိုက်စားနေသေးသည်။
အေးပေါ့ သူက pro လေ God player လေ။

"အဲ့တော့ မင်းစားမှာလား ငါစားရမှာလား"
ပိုင်ရွမ်မကျေမနပ် ဖြစ်ကာ ပြောလိုက်သည်။

လီချန်းယွီက ဘာမှမပြော အသီးတစ်ဖက်ကို နှုတ်ခမ်းမှာကိုက်ထားရင်း ရယ်နေသည်။
Keyboard ပေါ်ကလက်ချောင်းသွယ်သွယ်တို့က နောက်ဆုံးmissionအတွက် စနစ်တကျလှုပ်ရှားနေသည့်အလား အဆက်မပြတ် လျင်မြန်စွာ ရိုက်နှိပ်နေသည်။

"ပြီးပြီ"

"ဘာ"
ပိုင်ရွမ်မယုံနိုင်၊ 

"ဝါး လီချန်းယီ ကြည့်စမ်း ငါ့ ကုသသူက သူတော်စင် တောင် ဖြစ်သွားပြီ။ မင်းတော်တယ်"

ဆင့်ခေါ်သူ (Volume I) Complete [Editing]Where stories live. Discover now