Chapter 32- An Instance Together

1.5K 334 13
                                    

အခန်း(၃၂) အတူဖန်တီးသော ဖြစ်စဉ်များ

လီချန်းယွီတစ်ယောက် လင်းရွှယ်ဖုန်းနဲ့ စာပို့နေတာ အခုထိနယ်မြေသစ်မှာ ရှင်းလင်းရေးမလုပ်နိုင်သေးပေ။ လင်းရွှယ်ဖုန်းကလည်း guildအသင်းသားတွေ ထွက်သွားပြီ သူလည်းသူ့ကိုယ်ပိုင်အကောင့်နဲ့ ပြန်ပြီးစာပို့နေတာ မပြီးနိုင်သေးပေ။

ပြောရမယ်ဆိုရင် နယ်မြေသစ်မှာကစားဖို့ လီချန်းယွီတို့အဖွဲ့က လူလည်းစုံပြီ စတိုက်ဖို့တောင်ပြင်နေပြီဖြစ်သည်။ သိုပေမယ့်  ဟို wind colourအသင်းက လာရှုပ်ပြီး လီချန်းယွီနဲ့တိုက်ဖို့ စိန်တောင်ခေါ်ခဲ့တာဆိုတော့ အသေအကျေတိုက်တော့မယ်ထင်ခဲ့တာ အခု သူတို့နှစ်ယောက်က မြို့အဝင်ဝမှာ တောင့်တောင့်ကြီး ရပ်နေကြပြီး ပိုင်ရွှယ်တို့ ရှူရုန်တို့လည်း ကွန်ပျူတာရှေ့တွင် ငုတ်တုတ်ကြီး ထိုင်နေသည်မှာ အတော်ကြာသွားပြီဖြစ်သည်။

"ခေါင်းဆောင် ဘာလုပ်နေတာလဲ ။ ဒီနေ့ တိုက်အုံးမှာလား"

ရှောင်ကူက voice channel ကနေ အသံစာစာနဲ့ ပြောလိုက်သည်။
အရမ်းကြာနေပြီလေ ။ ရှောင်ကူမစောင့်နိုင်တော့တာ အမှားမဟုတ်။

"Cat Godက ခေါင်းဆောင်လင်းနဲ့ စာပို့နေတာ"

"ဟမ် ? ခေါင်းဆောင် လင်း။ Wind colour အသင်းက ခေါင်းဆောင်လင်း လား"

"လင်းရွှယ်ဖုန်းကလွဲပီး ဘယ်ခေါင်းဆောင် ရှိအုံးမှာလဲ" ပိုင်ရွှယ်က ရယ်သံတစ်ဝက်နဲ့ ပြန်ပြောလိုက်သည်။

သိပ်မကြာလိုက် voice channel ကနေ ကျယ်ကျယ်လောင်လောင် အသံတစ်ခု ပိုင်ရွှယ်ကြားလိုက်ရသည်။

"ရှောင်ကူ ......."

" ရှောင်ကူ မင်းဘာလုပ်နေတာလဲ "

"ကျွန်တော် ပြုတ်ကျသွားတာ ခေါင်းဆောင်ပိုင်"

​ "တကယ်ကြီး ခေါင်းဆောင်လင်းရွှယ်ဖုန်းပေါ့ အဲ့နတ်ဆိုးဆင့်ခေါ်သူကလေ "

"အင်း ကျွင်းမို သူ့ကို ခေါ်လိုက်တာ"

"ငါ သူ့နဲမတွေ့ဖြစ်တာ နည်းနည်းကြာနေပြီ ဒါကြောင့် သူ့နဲ့ စကားပြောနေတာ။  ငါတို့မတိုက်ခင် သူနဲ့ နည်းနည်းလောက် ထပ်ပြောလိုက်အုံးမယ်။ ပြီးမှ တိုက်ကြတာပေါ့"

ဆင့်ခေါ်သူ (Volume I) Complete [Editing]Donde viven las historias. Descúbrelo ahora