" ကျွန်မရဲ့ ပြဿ နာတွေကို နားထောင်ပေးလို့ ကျေးဇူးတင်ပါတယ်.....အချိန်တွေ ကုန်စေလို့လည်း တောင်းပန်တယ်... အခု ကျွန်မ ပြန်တော့မယ်နော်.....''
ရှားယုဟန်က ချင်းယီတို့ကို နှုတ်ဆက်ကာ သူမရဲ့ crushအကြောင်းကို တွေးပြီး ကော်ဖီဆိုင်ထဲကနေ ထွက်ခဲ့တော့သည်။
---------------
" အမလေး ဘုရားရေ....သေသာသေလိုက်ချင်တော့တယ်....ရှန်းရီတော့ ကျွန်မကို သတ်ပြီ...အစ်မရေ...၊ ကျွန်မကို စိတ်ဆိုးပြီး အပြစ်ပေးမလားမသိ....သူအပြစ်ပေးတာက အဆန်းကြီး.....အိပ်ယာပေါ်မှာလေ...ကျွန်မတော့ နောက်နေ့နေရောင်ခြည်ကို မမြင်ရတော့ဘူး ထင်ပါရဲ့....''
လုချင်းယီရဲ့ စကားကြောင့် ရှောင်လန်တစ်ယောက် အော်ရယ်လာ၏။
" နင်ပုံကြီးကလည်း ကြောက်တဲ့ပုံလည်း မပေါ်ပါဘူး...ကြိုက်တဲ့ပုံကြီး၊....နင်လည်း အကြောင်းပြချက်တွေနဲ့ ရှန်းရီကို မပေးတာ ဘယ်လောက်ကြာပြီလဲ....? ရှန်းရီ ခမျာလည်း သနားပါတယ်...''
" အာ...ဒါပေမယ့် ကြာပြီးမှ လုပ်ရင် ပိုပြီးကောင်းကောင်းကျွေးနိုင်မယ်ဆိုတာကို ရှောင်လန်မသိသေးဘူးထင်တယ်....''
( အမလေး.... သိုင်းစကားတွေ ပါလာပြီနော်....အတတ်နိုင်ဆုံး ရိုင်းတဲ့စကားလုံးတွေ မပါအောင် ရေးပါ့မယ်😁)" ချင်းချင်း...! တော်တော်တတ်နေပြီနော် ကြည့်ရတာ ရှန်းရီဆီကနေ ကူးသွားတာဖြစ်မယ်....''
ရှောင်လန်က စလာ၏။ရှန်းရီနဲ့ ယူပြီးကတည်းက ဒီလိုမျိုး လွတ်လွတ်လပ်လပ်နဲ့ သိပ်မသွားဖြစ်ပေ။ ဒီနေ့တော့ ဆူခံရမှာ ကျိန်းသေတယ်....အိပ်ခန်းထဲမှာ ဖုန်းကျန်သွားသေးတယ်လေ.....
" စိတ်မပူပါနဲ့....ရှန်းရီက အိမ်ရောက်လို့နင့်ကိုမတွေ့ရင်...ငါ့ဆီ ဖုန်းဆက်လိမ့်မယ်.... စိတ်ချ...ငါတို့က ရှန်းအိမ်ထဲက လူတွေကို အသိပေးပြီးမှ အတူတူထွက်လာတာကို .....''
ရှောင်လန် ပြောတာလည်း မှန်ပါတယ်လေ....ရှောင်လန်ဆီကို သူဖုန်းဆက်မှာပေါ့.....
ချင်းယီ မောင်းလာတဲ့ ကားလေးက စထွက်တုန်းပဲရှိသေးတယ်.....ရှောင်လန်ဖုန်းက မြည်လာလေ၏။
YOU ARE READING
စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁) ( ဘာသာပြန်- Zawgyi +Unicode)