Part_11 (Unicode)​

Start from the beginning
                                    

"ဟယ်​ သားရယ်ဘယ်လိုတေွဖြစ်လာတာတုန်း?"​

"သား​ ရေပူနဲ့ရေအေး မှားချိုးမိလို့မေေမ...ဟဲဟဲ"

ကိုယ့်အပြစ်နဲ့ကိုယ်မို့ သွားသာဖြဲပြလိုက်ရတယ်။

"ဖြစ်မှဖြစ်ရလေသားရယ်...ကောင်မလေးအကြောင်း အတေွးလွန်နေလို့မလား?"​

ပြုံးပြုံးပြုံးပြုံးနဲ့မေးလာတဲ့ မေမေ့ရဲ့အမေးဟာ ကျွန်တော့်ကိုနေရခက်စေတယ်။ ဒါကြောင့်​ ကျွန်တော် ရှင်းလင်းချက်အမြန်​ ပြန်ထုတ်မိတယ်။ မေးချင်တဲ့အကြောင်းအရာတစ်ခုကိုလည်း မေးရင်းပေါ့...။

"ဟာ​ မေမေကလည်း မဟုတ်ပါဘူး...သားစာအုပ်ပေျာက်နေပြန်ပြီ မေမေ...အခန်းထဲတစ်ယောက်ယောက်ဝင်သေးလား?"

"မဝင်ပါဘူးသားရဲ့...အချိန်တန်ပြန်တေွ ့မှာပေါ့​ သားရယ်...စိတ်ထဲတအားကြီးထည့်မထားနဲ့...သားမျက်စိမေှာက်နေတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့"​

"အင်းနော်​ အဲ့လိုပဲဖြစ်မှာပါ။"​

ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်ရင်း မေမေ့ကိုဟင်းတစ်ဖက်ဦးချလိုက်တယ်။ ထို့နောက်မှာတော့ ကျွန်တော်လည်းထမင်းစားခြင်း အမှုကိုစတင်ရတယ်။

"​သား​ သားကိုမေမေ မေးစရာရှိလို့"

မေမေ့ရဲ့အမေးကို ကျွန်တော်ခေါင်းငြိမ့်ပြလိုက်ကာ မေးလေဆိုတဲ့အကြည့်များဖြင့် ကြည့်နေမိတယ်။ ပါးစပ်ထဲကထမင်းက မကုန်သေးတာကြောင့်​ စကားပြန်မပြောနိုင်သေးဘူးလေ။

"Soraနဲ့ဘယ်တော့ လက်ထပ်ကြမှာလဲ?"​

လာပြန်ပြီ ဒီမေးခွန်း။

မေမေ့အမေးအား ပြန်ဖြေရန်အတွက် ပါးစပ်ထဲကထမင်းလုပ်ကို အတင်းမြိုချနေရတယ်...ရေအကူအညီနဲ့ပေါ့။

"မသိသေးဘူး မေမေ"​

တကယ်တော့​ ဒီမေးခွန်းအတွက် ကျွန်တော့်မှာအဖြေရှိမနေဘူး။ ဟိုးအရင်ကဆို ဘယ်အချိန်ဘယ်လိုလက်ထပ်မှာ၊ ဘယ်လိုကြီးကြီးကျယ်ကျယ်လုပ်မှာ၊ ဘယ်လိုစိတ်ချမ်းသာအောင်ထားမှာ ဆိုတဲ့​ အဖြေပြန်ပေးတတ်တဲ့ ကျွန်တော့်နှုတ်ခမ်းတစ်စံုဟာ ဒီနေ့ဒီအချိန်မှာတော့​ ဆွံ့အနေသူတစ်ယောက်နှယ် ဘာစကားမှထွက်မလာတော့။

Second Person (Season_1)​(Completed)​Where stories live. Discover now