" အစ်မ ....ဘာပြောလိုက်တာလဲ...? ကျွန်မ နားမလည်ဘူး....''

ရှောင်လန်က သက်ပြင်းချလိုက်ရင်း...

" အို...နိုး... ၊ ငါ့ကိုတော့ လာလိမ်လို့ မရဘူး...ချင်းချင်း...အဲ့ဒီဒဏ်ရာလေးသေးသေးလေးကို ဘာလို့ ရှန်းရီကို ပစ်ထားရတာတုန်း......သူတို့ရဲ့မျိုးရိုးက အမွှာမျိုးရိုးနော်.....ဖြစ်နိုင်ရင် ရှန်းရီက အမွှာရအောင် လုပ်ပေးမှာ....''

ချင်းယီက ရှောင်လန်ရဲ့ လက်မောင်းကို ရိုက်လိုက်ပြီး သူမမျက်လုံးမှာ ထိတ်လန့်ခြင်းတွေ အထင်းသားပေါ်နေ၏။

" ရှောင်လန်...ကျွန်မကို အဲ့လိုလန့်အောင် မလုပ်ပါနဲ....!''

အမွှာ..? ကလေးတစ်ယောက် မွေးတာတောင် မိန်းမတွေအတွက် ဒီလောက်ခက်ခဲတာ....၂မွှာတို့ ၃မွှာတို့ လာလုပ်နေတယ်....ဟီး... ကြောက်လိုက်တာ....

သူမကတော့ ရှန်းရီနဲ့ ကလေးအများကြီးယူဖို့ မစဉ်းစားထားသေးပေ။ ကလေးတစ်ယောက် ယူဖို့တောင် မနည်းကြီး စဉ်းစားရဦးမယ်.. ဟုတ်ပြီလား....?

" နင်...ငါ့ကို မကူညီဘူးလား...ချင်းချင်း...! ငါ့မှာတော့ ကပ်ဆိုက်နေပြီ....တစ်ထည်မှလည်း ဝတ်လို့မရဘူး....''

ချင်းယီရဲ့ မျက်လုံးက သူမဖုန်းဆီရောက်သွား၏။ ဒီအချိန် ရှောင်လန်အတွက် အဝတ်အစားသွားဝယ်ရင်လည်း နောက်မကျသေးပါဘူးလေ....
အို...ကလေးလေးအတွက်ပါ ဈေးဝယ်ထွက်ရင် ကောင်းမလား....?

" ရှောင်လန်.... အစ်မခန္ဓာကိုယ်က ဘာမှလည်း သိပ်မထူးခြားပါဘူး....''

သူမက ရှောင်လန်ကို နီးနီးကပ်ကပ်ကြည့်မိတော့ ရှောင်လန်ရဲ့ ရင်သားက နည်းနည်းကြီးလာသလိုပင်။ ကိုယ်ဝန်ရှိလာလို့ အပြောင်းအလဲလေး ဖြစ်သွားတာ နေမှာပါလေ.....

" ကျွန်မတို့ ရှော့ပင်း ထွက်ရင်ကောင်းမလား....? ရှန်းရီရဲ့... ကားတွေထဲက တစ်စီးကို ယူသွားမယ်လေ....ကျွန်မတို့ ရှော့ပင်းအသေးစားသွားတာပဲဟာ.... ရှန်းရီ ဘာမှပြောမှာ မဟုတ်ပါဘူး.....''

" ဘာ ရှော့ပင်း အသေးစားလဲ....? ရှန်းရီက သူ့ရဲ့ ပိုက်ဆံတွေကို သုံးပါဆိုပြီး နင့်ကို တောင်းပန်နေရတယ်မလား.....? နင်ကလည်းဟယ် ဒီလောက် ပိုက်ဆံတွေများတာကို အစားအသောက်အတွက်နဲ့ ဟင်းချက်ဖို့အတွက်ပဲ သုံးရလား.....''

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now