၁၀၃။

Beginne am Anfang
                                    

" ငါ ခွင့်မပြုဘူး....!''

ဖုန်းသံမြည်လာတာကြောင့် သူမမျက်လုံးက လုချင်းယီဆီကနေ သူမသားဆီရောက်သွား၏။

" ထမင်းစားနေတဲ့ အချိန်မှာ ဖုန်းကိုင်ခွင့်မပြုထားဘူးလို့ ငါတို့ ကတိပေးခဲ့တယ်မလား....! "
သူမက ရှန်းဟောင်ကို စိုက်ကြည့်ရင်း ပြောလာချေ၏။

" တောင်းပန်ပါတယ် အမေ.....အရေးကြီးလို့ပါ....ကျွန်တော်ကိုင်မှဖြစ်မယ်....''
ရှန်းဟောင်က ခုံကနေ ထလိုက်ကာ ထမင်းစားခန်းထဲကနေ ထွက်သွားတော့သည်။
ရှန်းဟောင်လည်း ရှန်းအုပ်စုရဲ့ ဥက္ကဌဖြစ်တဲ့အတွက် ဒီရက်ပိုင်း အလုပ်များနေပေသည်။

" ကျွန်တော် လိုက်သွားလိုက်ဦးမယ် ......ပြဿ      နာ တစ်ခုခုရှိလို့နေမယ်....''
ရှန်းရီလည်း သူ့အဖေနောက် လိုက်သွားတော့သည်။

" တစ်ခုခုသိချင်တာ ရှိလို့လား.....?''
မဒမ်ရှန်းရဲ့ အကြည့်က သူမဆီပဲ ရောက်နေတာကြောင့် သူမသတိပြုမိသွားခြင်းပင်။

" အဖွားမြေးလေးရဲ့ အေးစက်နေတဲ့ နှလုံးသားကို သမီးက ဘယ်လိုများ ဖမ်းစားလိုက်လဲလို့ သိချင်နေတာပါ....''

လုချင်းယီတစ်ယောက် အံ့ သြနေပေမယ့် မဒမ်ရှန်းက ဆက်ပြော၏။

" သမီးသိတဲ့အတိုင်းပဲ....ရီက ငယ်ငယ်လေးကတည်းက သူများနဲ့မတူဘူးလေ........ရွှီနဲ့လည်း အမြဲရန်ဖြစ်တယ်..... အမြဲတမ်း မျက်နှာက ပုပ်ထားရော.....''

လုချင်းယီလည်း သူမယောင်္ကျားက မိသားစုမှာလည်း အဲ့လိုနေမယ်လို့ လုံးဝမထင်ထားပေ။ ဒါပေမယ့် သူမနဲ့တွေ့တဲ့ အချိန်က စပြီး သူက စလိုက်နောက်လိုက်နဲ့ သူ့ပါးစပ်က မဟုတ်တဲ့စကားတွေပဲ ထွက်နေသည်လေ.....

သူမလည်း ဘာပြန်ဖြေရမလဲဆိုပြီး ယောက်ယက်ခက်နေတုန်းမှာဘဲ......

ရှန်းရီနဲ့ သူ့အဖေက ထမင်းစားခန်းဆီကို ပြန်လာ၏။

" တောင်းပန်ပါတယ်နော်.....တစ်ချို့လူ​တွေက ရိုးရှင်းတဲ့ ကိစ္စလေးတစ်ခုကိုတောင် နားမလည်နိုင်ကြဘူး.....''
ရှန်းဟောင်က ပြောလာလေ၏။

" နင့်လိုပဲပေါ့....!''
ရုတ်တရက် မဒမ်ရှန်းက ခနဲ့လာသည်။

" အ...အာ...!''
ရှန်းဟောင်က သူ့ရဲ့ အာရုံကို ထိုစုံတွဲဆီ ပြောင်းလိုက်ပြီး.....

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Wo Geschichten leben. Entdecke jetzt