နေ့လည်စာကတော့ မဒမ်ရှန်း ရွေးချယ်ထားတာချည်းပင်။ အဖွားက အရွေးတော်တယ်လို့ ပြောရမယ်......ဟင်....ငါ့အကြိုက်ကို သိနေလို့များလား....? ဒါမှမဟုတ်.... ရှန်းရီကို မေးလိုက်တာလား....?

နေ့လည်စာ စားပြီးသွားတဲ့အချိန်မှာ လုချင်းယီတစ်ယောက် သူမယောင်္ကျားပန်းကန်ထဲက အချိုပွဲကို ကြည့်လိုက်၏။

" ဒီဟာကို စားဦးမလား....?''
ရှန်းရီက ပြုံးရင်းနဲ့ မေး၏။

" ဟင့်အင်း...မစားတော့ဘူး....''
သူမကို အစားကြီးတဲ့သူလို့ အကုန်လုံး ထင်သွားမှာ ကြောက်သည်လေ....

" ဒါဆို ကျွန်တော်စားလို့ရလား....?''
ရွှီက ရုတ်တရက် ဝင်ပြော၏။

ရှန်းရီက သူ့ညီကို စိုက်ကြည့်လိုက်ပြီး....ခရင်းနဲ့ ထိုးချင်တဲ့ ဟန်လုပ်ပြတော့ ရွှီတစ်ယောက် ည ည်းတွားလိုက်ကာ သူလိုချင်တဲ့ အစားအသောက်တွေကို ယူဖို့ မီးဖိုချောင်ဆီကိုသာ သွားလိုက်တော့သည်။

" လက်ဖက်ရည်ရော သောက်ဦးမလား... ?''
ဒီတစ်ခါတော့ မဒမ်ရှန်းက ဝင်ပြောပြန်သည်။

" ကျေးဇူးပါ....ကျွန်မ ဗိုက်ပြည့်သွားပါပြီ....''

မဒမ်ရှန်းက ခေါင်းညိမ့်လိုက်ကာ သူမရဲ့ အစေခံတွေကို လက်ဖက်ရည်အိုး ကမ်းပေးလိုက်ပြီး ပေါင်ပေါ်မှာတင်ထားတဲ့ လက်သုတ်ပုဝါကို ဖယ်လိုက်၏။

" ချင်းအာ....သမီးအမေ ဘယ်လိုဖြစ်သွားတာလဲ.....?''
မဒမ်ရှန်းက  လက်ဖက်ရည်တစ်ငုံသောက်လိုက်ကာ.......

" အာ....ဆောရီး...၊ သမီးအမေက အဖွားရဲ့ တစ်ဦးတည်းသောသမီးရဲ့ အချစ်ဆုံး သူငယ်ချင်းလေ.....အဖွားတို့နဲ့လည်း မိသားစုလိုဖြစ်နေတာ....''

" အရိုးသားဆုံး ပြောရရင် အရင်တုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်မလည်း သေသေချာချာ....မသိဘူး......ဆန်းမိသားစုက ဘာကြောင့် ဒီလိုပြုမူနေရလဲဆိုတာလည်း ကျွန်မ နားလည်ရခက်နေတယ်....''
လုချင်းယီက ညင်သာစွာနဲ့ ပြောလာပြန်သည်။

" ကျွန်မ အမေနဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး ပြောပြပေးနိုင်မလား....?''

" သမီးသိချင်တာရှိရင် ကြိုက်တာမေးလို့ရပါတယ်.....''
မဒမ်ရှန်းက ပြောနေရင်းနဲ့.....ရုတ်တရက်....

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now