ဆန်းမိသားစုက ဆန်းမိန်ရှုကို ဆက်ဆံခဲ့သလိုမျိုး သူ့ချွေးမကိုပါ နှိပ်စက်နေပြန်ပြီလား...?

ဆန်းသခင်ကြီးရဲ့ မျက်နှာဟာ ရုတ်တရက် အေးစက်တဲ့ အသွင်ပြောင်းသွား၏။ သူ့ရဲ့ အမူအယာဟာ တဖြည်းဖြည်းနဲ့ သူ့မြေးမလေးကို မကာကွယ်လိုက်နိုင်တဲ့ နောင်တရနေဟန် ပေါ်ပေါက်လာခဲ့သည်။ သူ့မြေးမလေးကို ငယ်ငယ်ကတည်းကရော အခုရော မကာကွယ်နိုင်ခဲ့ဘူးလေ....ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းလိုက်လဲ...? ဒါနဲ့ ဒဏ်ရာ အရမ်းများသွားလား..?
သူ့ရဲ့ စကားလုံးတို့မထွက်ကျလာဘဲ စိတ်ထဲကနေသာပြောနေမိသည်။

" ချင်းအာကို အရမ်းစိတ်မပူပါနဲ့.... သူမယောကျၤက သူမလိုအပ်သမျှကို ဖြည့်ဆည်း​ပေးပြီး ရန်လိုမှုတွေကနေ သေချာပေါက် ကာကွယ်သွားမှာပါ....''
မဒမ်ရှန်းက ထပ်ပြော၏။
သူမလည်း ဘာမှ ဖုံးကွယ်ထားစရာ မလိုဘူးလေ....ဒီလူကြီးက သူ့မြေးကို စိတ်ပူရင်လည်း အရင်ကတည်းက ကာကွယ်ထားပါလား.....

တကယ်တော့  ရှန်းရီနဲ့ လုချင်းယီတို့ ခန်းမထဲကို ဝင်လာကတည်းက ဆန်းသခင်ကြီး....စောင့်ကြည့်နေတာပင်။သူ့​မြေးမလေးက သူ့သမီးနဲ့ ရုပ်ဆင်ပေမယ့် ယုံကြည်မှုရှိတဲ့ နေရာမှာတော့ သူမအမေနဲ့ နည်းနည်းမှမတူ.....သူ့ရဲ့ သနားစရာကောင်းတဲ့ မိန်ရှုလေးကတော့ သူမကိုယ်သူမ သခင်မလေးအဖြစ် နေရမှာ ကြောက်နေရင်းနဲ့ ဘဝကို အဆုံးသတ်သွားတာမလား...
ထို့နောက် သူ့ရဲ့ အတွေးက ချင်းယီ.... ရှန်းသခင်လေးနဲ့ လက်ထပ်တယ်ဆိုတဲ့ စကားကို ပြန်ကြားယောင်လာသည်။ ဒါဆို လီသခင်လေးနဲ့ လက်ထပ်ဖို့ ငြင်းဆန်ခဲ့တာက အဲ့တာကြောင့်လား....?

" ဒါဆိုလည်း ချင်းအာကို ပြောပေးပါ.....ဒီရက်ပိုင်း ကျွန်တော်မျှော်နေပါတယ်လို့....''

ထို့နောက် ဆန်းသခင်ကြီးက သူ့မြေးမလေးကို ထားပြီး ရှန်းစံအိမ်ကနေ ထွက်လာခဲ့တော့သည်။ အချိန်တွေတောင် တော်တော်ကြာခဲ့ပြီပဲ....အနှစ်နှစ်ဆယ်ကျော်လောက်ရှိပြီပေါ့.....
သူတို့ရဲ့ မျက်လုံးထဲမှာ အရင်တုန်းက ရှန်းသခင်လေးကို ဆုံးရှုံးတာနဲ့ ပတ်သက်ပြီး ပူဆွေးမှုတွေ ရှိနေတုန်းပါပဲလား....?

ဆန်းသခင်ကြီးတစ်ယောက် အိမ်ပြန်ရောက်တော့ သူမသမီး...ဆန်းယူရင်က ငိုကြွေးကာ သူ့ဆီ ပြေးလာတော့သည်။ သူမပုံစံက ရှန်းစံအိမ်ကနေ ပြန်သွားတုန်းကပုံနဲ့ မတူနေပေ။

" ဘာဖြစ်လို့လဲ...?''
သူမေးလိုက်၏။

" သမီးကို ကယ်ပါဦး...အဖေရယ်...သမီးလည်း ဘာတွေဖြစ်နေမှန်း မသိတော့ဘူး.... Crystal Sunရဲ့ ရှယ်ယာရှင်တွေအားလုံး .....သူတို့ရဲ့ ရှယ်ယာတွေကို ဈေးအနိမ့်ဆုံးနဲ့ ရောင်းပြီး ထွက်သွားကြကုန်ပြီ....!''

ဒီလိုရုတ်တရက် ဖြစ်တာမျိုးကို သူမတစ်သက်မှာ တစ်ခါမှ မကြုံဖူးပေ။ နောက်လုပ်မယ့် အရေးကြီးတဲ့ ပရောဂျက်လည်း ပျက်သွားလေပြီ။ သူမနှစ်တွေအကြာကြီး ကြိုးစားခဲ့ပြီး တည်ဆောက်ခဲ့တဲ့ Crystal Sunက ပြိုလဲသွားတော့ သူမ... အရူးတစ်ပိုင်း ဖြစ်နေရပြီ။

ဖုန်းတွေလည်း တဂွီဂွီ လာနေပြီး အတတ်နိုင်ဆုံး ကြိုးစားပြီး တောင်းပန်ကာ ပြဿ      နာရဲ့ အရင်းအမြစ်ကို သိအောင် လုပ်နေရသည်။ သူမက ဘယ်လောက်ပဲ ကြိုးစားပြီး တောင်းပန်နေပါစေ.....ရှယ်ယာရှင်​တွေက သူမကို လုံးဝ အခွင့်အရေး မပေးခဲ့ပေ။ တစ်ချို့တွေက သူမနဲ့ ဘယ်တော့မှ တွဲပြီး အလုပ်မလုပ်ချင်ကြောင်းပါ ပြောကြပြန်သည်။

ထို ့​နောက် အ​တွေးတစ်ခုက ဆန်းသခင်ကြီး ခေါင်းထဲကို ရောက်လာ၏။  သေချာတာကတော့ သူ့သမီးက အမှားတစ်ခုခုလုပ်မိသွားပြီပဲ။

" ဒီတစ်ခါ...ဘယ်သူ့အပေါ်မှာ အမှားကျူ းလွန်မိသွားလဲဆိုတာ သတိရရဲ့လား....?''

7.10.2020💙💙

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now