ဖုန်းတွေလည်း တဂွီဂွီ လာနေပြီး အတတ်နိုင်ဆုံး ကြိုးစားပြီး တောင်းပန်ကာ ပြဿ      နာရဲ့ အရင်းအမြစ်ကို သိအောင် လုပ်နေရသည်။ သူမက ဘယ်လောက်ပဲ ကြိုးစားပြီး တောင်းပန်နေပါစေ.....ရှယ်ယာရှင်​တွေက သူမကို လုံးဝ အခွင့်အရေး မပေးခဲ့ပေ။ တစ်ချို့တွေက သူမနဲ့ ဘယ်တော့မှ တွဲပြီး အလုပ်မလုပ်ချင်ကြောင်းပါ ပြောကြပြန်သည်။

ထို့ ​နောက် အ​တွေးတစ်ခုက ဆန်းသခင်ကြီး ခေါင်းထဲကို ရောက်လာ၏။  သေချာတာကတော့ သူ့သမီးက အမှားတစ်ခုခုလုပ်မိသွားပြီပဲ။

" ဒီတစ်ခါ...ဘယ်သူ့အပေါ်မှာ အမှားကျူးလွန်မိသွားလဲဆိုတာ သတိရရဲ့လား....?''

7.10.2020💙💙

Unicode......

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၁၀၁။

" သူမ ဘယ်မှာလဲ...?''
ထိုလူကြီးက အာခေါင်သံနဲ့ ပြောလာလေ၏။
သူက ဒီညမှာ မဒမ်ရှန်းနဲ့စီးပွားရေးလုပ်ငန်းတွေအကြောင်း ရင်းရင်းနှီးနှီး ပြောဖို့ ရည်ရွယ်ထားပေမယ့် အခုတော့.....သူ့မြေးမလေးကို ပူပန်နေရပြီ။

မဒမ်ရှန်းတစ်ယောက် သတင်းစာကြည့်နေရင်းနဲ့ ထိုလူကြီးရဲ့ အသံကြောင့် မျက်လုံးဝေ့ကြည့်လိုက်တော့ ....
ထိုအဖိုးကြီးရဲ့ အရင်ကနဲ့မတူတဲ့ အမူအယာကို တွေ့လိုက်ရသည်။ ဆန်း သခင်ကြီးက အသက်ကြီးလာလို့ ပါးရေနားရေတွေတွန့်နေပေမယ့် သူ့ရဲ့ သေ သပ်စွာ ဝတ်စားမှုနဲ ့ခန့်ငြားမှုကတော့ အရင်ကအတိုင်းပင်။
( သာသာ Sunကို ဆန်းလို့ပဲရေးလိုက်မယ်နော်)

" ဆန်း သခင်ကြီး....မတွေ့ရတာတောင် အတော်ကြာပြီနော်....''
သူ ့ရဲ့ သိလိုစိတ်ပြင်းပြ​နေတဲ့ အရာကို ပြန်မဖြေဘဲ သူမက နှုတ်ဆက်လိုက်၏။

" သူမ ဘယ်မှာလဲ...?''
ဆန်းသခင်ကြီးက ပြန်မေးပြန်သည်။ သူ့မြေးမလေးကို စိတ်ပူနေတာနဲ့ပဲ သူ့မှာ နှုတ်ဆက်စကား မပြောဆိုနိုင်တော့ပေ။

" အခုမှ လာပြီး စိတ်ပူတဲ့ပုံစံ လာလုပ်မနေနဲ့....ရှင့်သမီးက ကျွန်မတို့ရဲ့ ချင်းအာကို နာကျင်အောင် လုပ်ပြီးသွားပြီ....''

အဲ့ဒီနေရာမှာ ရှန်းညီအစ်ကိုရော သူတို့ရဲ့ အဖေပါ ရှိနေ၏။ ရှန်းဟောင်က သူ့​ချေွးမ...လုချင်းယီ လဲကျသွားတာကို မမြင်ခဲ့ပေ။ ဒါပေမယ့် သူ့အမေ အဲ့လောက်စိတ်ဆိုးနေတာကို ကြည့်ကတည်းက သူ့ချွေးမလေးဟာ ဒဏ်ရာတော်တော်ရသွားတာကို သူ သိလိုက်ချေပြီ။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now