" နင်...ဗိုက်ဆာ နေလိမ့်မယ်....ငါ အောက်ထပ်မှာ နင့်အတွက် တစ်ခုခုသွားယူပေးမယ်​နော်........''
ရှောင်လန်လည်း ရှန်းရီရဲ့ ဒေါသထွက်နေတဲ့ အမူအယာကို သတိပြုမိသည်လေ....အဲ့တာကြောင့် ဘာမှမပြောဘဲ အောက်ထပ်သို့သာ ဆင်းခဲ့တော့သည်။

ထို့နောက် ရှန်းရီက ချင်းယီကို ပွေ့ချီကာ ခမ်းနားလှတဲ့ စံအိမ်ထဲက အခန်းတွေကို ဖြတ်ပြီး အရင်က သူ့ရဲ့ အခန်းထဲကို ဝင်ခဲ့၏။ ပြီးနောက်... သူမကို အိပ်ယာပေါ်မှာ အသာအယာချကာ သူမဘေးမှာဝင်လှဲလိုက်၏။

ချင်းယီက ဘာမှမပြောဘဲ သူ့ဘေးမှာ ကွေးကွေးလေးနေ နေ၏။ ခုနတုန်းက ဖြစ်ပျက်သွားတာနဲ့ ပတ်သက်ပြီး ရှန်းရီက အရမ်းဒေါသထွက်နေတာကို သူမသိသည်လေ။

" ယောင်္ကျား....ကျွန်မ ပင်ပန်းနေပြီ....''

ထို့နောက် သူ့ရဲ့လက်နဲ့ သူမ.... ဆံနွယ်တွေကို သပ်ပေးနေပြီး....

" အိပ်လိုက်နော်.....မင်း နိုးလာတဲ့အထိ ကိုယ်....ဒီမှာရှိနေမယ်....''
သူပြောလိုက်ကာ သူမရဲ့ နှဖူးလေးကို အသာအယာနမ်းလိုက်၏။

အရမ်းနွေးထွေးလှတဲ့ အခြေအနေကြောင့် သူမပြုံးလိုက်မိသည်။ ထို့နောက် သူ့ရဲ့ ရင်ခွင်ထဲကို တိုးဝှေ့ ဝင်ကာ မျက်လုံးမှိတ်ထားလိုက်တော့သည်။

ခဏကြာတော့ လုချင်းယီတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွား၏။ ရှန်းရီက သူ့ဇနီးလေး အိပ်ပျော်သွားတာကို သိပြီးတာနဲ့ ကုတင်ပေါ်က ဆင်းလိုက်ကာ သူမကို စောင်ခြုံပေးလိုက်သည်။

သူက ပြတင်းပေါက်ဆီသွားလိုက်ကာ  တံခါးဖွင့်လိုက်၏။ ထို့နောက် သူ့ကုတ်ထဲက ဖုန်းက အသံမြည်လာချေသည်။ ရှန်းရီ...ဖုန်းကိုင်လိုက်ပြီး ချောင်ဟဲဆီက သတင်းကောင်းကိုသာ နားထောင်လိုက်တော့သည်။

" ​ဘော့စ် လိုချင်တဲ့ အချက်အလက်တွေ ရပြီးပါပြီ....''

" Crystal Sun ကုမ္ပဏီနဲ့ တွဲလုပ်တဲ့ ရှယ်ယာရှင်တွေ....လုပ်ငန်းတွေ မှန်သမျှ......ရှန်းလုပ်ငန်းစုက လက်မခံဘူးလို့ ကြေညာလိုက်...! Crystal Sun ကနေ ထွက်ရင်ထွက် မထွက်ရင် ရှန်းကော်ပိုရေးရှင်းဆီကို လုံးဝ ခြေဦးမလှည့်နဲ့လို့ ......စိတ်ဓာတ်တွေမကောင်းတဲ့ Sun ကော်ပိုရေးရှင်းနဲ့လည်း လုံးဝ လက်မတွဲနိုင်ဘူးလို့ပါ....ကြေညာ....!''

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now