Hurt Love-30

1.5K 110 9
                                    

Perth

ကျွန်တော်တို့ ပြန်ရောက်တော့
အခန်းထဲဝင်ပြီး သူ့ကိုကြည့်လိုက်တော့
ခုတင်ခေါင်ရင်းကိုကျောမှီပြီး အိပ်ရာပေါ်တွင် ခြေဆင်းထိုင်ထားကာ Laptopကိုပေါင်ပေါ်တင်ပြီး
အိပ်ပျော်နေတယ်

တကယ်ကိုစကားနားမထောင်ဘူးကွာ အခုတော့ကြည့်အုံး
အလုပ်ကိုအိမ်ထိသယ်တော့ လွတ်လွတ်လပ်လပ်မနားရဘူး

အိပ်ပျော်နေတဲ့သူ့ရှေ့နားမှာထိုင်လိုက်ပြီး
အိစက်ညက်ညောနေတဲ့ ပါးနုနုလေးကို
လက်နဲ့အသာတို့ထိ ချော့မြူနေတော့
မကြာပါဘူး မျက်ခွံလေးတွေအသက်ဝင်လာပြီး
ကျတော့်နတ်ဘုရားနိုးထလာပြီလေ

Saint : အင်းးးကိုကို ပြန်လာပြီလား?

Perth

အိပ်မှုံစုံးဝါး မျက်လုံးမဖွင့်တဖွင့်နဲ့  laptopကိုသူ့ဘေးဘက်ကိုထားလိုက်ပြီး ခါးကိုအတင်းဖတ်ပြီး သူနားခိုနေကျနေရာကို
အတင်းတိုးဝင်ပြီး ကိုကိုဆိုတဲ့လက်နက်ကြီးထုတ်သုံးပြီး
ကျတော့်ကိုစွံအစေပြန်ပြီ

Perth : ဘယ်အရေးကြောင့် ရွှေနှုတ်တော်ကနေ
မပြောစဖူးတွေ ပြောနေရပါသလဲ?

Saint : ယားနေလို့ဟေ့ ယားနေလို့ ကဲ ငါရိုင်းပြီ

Perth : ခွီးးးးဟားဟားဟား ချစ်ရယ် သေပါပြီ
ဘယ်လိုတောင်ပြောလိုက်တာလဲ?

Saint : ဟုတ်တယ် တင်းလာပြီ ခေါ်စေချင်တာလည်းသူ့အပြင်မရှိဘူး
ရှက်ရှက်နဲ့အရဲစွန့်ပြီး ခေါ်တော့လည်း
လူကိုပြောင်တယ် မခေါ်ဘူးနောက်တစ်ခါ

Perth : ခေါ်ပါ ဘယ်လောက်ကြားချင်နေတာလည်းဆိုတာ
သိရဲ့သားနဲ့

Saint : အဲဒါဆို ဘာလို့လိုက်စနေလဲ

Perth : အသည်းပေါက်မတက် အူးယားလွန်းလို့
စနေတာပေါ့ တကယ့်ကလေးပေါက်စလေးအတိုင်းပဲ
ချစ်ပုံစံက

Saint : မစနဲ့ ဒီတစ်ခါတကယ်စိတ်ဆိုးမှာ

Perth : အိုကေ မစတော့ဘူး
ထပ်ခေါ်ပါအုံး ကြားချင်လို့

Saint : မခေါ်ဘူး

Perth : ခေါ်ပါကွာ ကိုကို့ကိုမချစ်ဘူးလား

Saint : ချစ်တယ်

Perth : ချစ်ရင်ခေါ်လေကွာ
ဒီလိုလုပ်တီလေးတို့လေးလေးတို့ရှိနေချိန်
်မခေါ်ချင်ရင်ရတယ်
နှစ်ယောက်တည်းရှိနေရင်တော့ ခေါ်ပါကွာ နော်
Nongလို့ခေါ်တာကြိုက်ပေမဲ့ သူစိမ်းဆန်နေသလိုကြီး

Hurt LoveWhere stories live. Discover now