Hurt Love-45

480 64 68
                                    

Plan

Plan : ဦး ထအုံး ဦးလို့...
သမီးကိုသွားနှိုးအုံး

Mean : ကလေးသွားနှိုးလေ ကိုယ်ညကပင်ပန်းထားတာကို

Plan : ဘယ်သူပိုပင်ပန်းလဲ အဖိုးကြီး
စကားကိုကြည့်ပြော

Mean : အဖိုးကြီးဆိုပြီး လူကိုမနှိမ်နဲ့နော်
ကိုယ်ဘယ်လောက်သက်လုံကောင်းတယ်ဆိုတာ
မင်းအသိဆုံး

Plan : သိတယ် ရွဖို့ထဖို့ဆို ထိပ်ဆုံးက
အိပ်ယာဝင်ရင် ဖျတ်ဖျတ်လူးသလောက်
အိပ်ယာထရင် နာတာရှည်လူနာကြီးကျနေတာပဲ
မသိရင်ကျွန်တော်ကပဲ ခင်ဗျားကိုလုပ်သလိုလို

Mean : ကလေးက ကိုယ့်ကိုဆိုသိပ်ဆူတာပဲ
ပြေးကြည့်မှ ဒီယောက်ျားတစ်ယောက်ပဲရှိတာကို
အကြိုက်မဆောင်ဘူး

Plan : စကားကြောတွေမရှည်နဲ့ သမီးဒီနေ့ကျောင်းပိတ်တယ်
သွားနှိုးပြီး ရေမိုးချိုးအဝတ်အစားလဲပေးထား ဒီနေ့ဆိုင်ခေါ်သွားမှာ
ဪ ခင်ဗျားလည်းလိုက်ရမယ် ကလေးထိန်းဖို့

Mean : ကိုယ်အလုပ်...

Plan : ထပ်ပြောရင် ခင်ဗျားကိုတစ်လအငတ်ထားမယ်
ကျွန်တော်အကြောင်း သိတယ်မလား

Mean : လီလီရေ... ဖေဖေသမီးလေး နိုးပြီလားဝေ့

Plan POV

ခုတင်ကျိုးမတက်ခုန်ဆင်းချသွားတဲ့ အမျိုးသားကိုကြည့်ပြီး
လူကပြုံးတုံးတုံး။ ကလေးမမွေးနိုင်ပေမဲ့ မွေးစားလို့ရတဲ့အခြေအနေမှာရှိတာမို့လို့
မိသားစုဆိုတဲ့ အသိုက်အမြုံကို ဦးကိုခံစားစေချင်လို့
ကျွန်တော်P'Saintတို့ ဂေဟာက ကလေးတစ်ယောက်ကို
အပြီးအပိုင် ကျွန်တော့်သားသမီးနေရာမှာထားဖို့ ဆုံးဖြတ်လိုက်တယ်

ယောက်ျားနှစ်ယောက် လက်ထက်ကာ
တည်ဆောက်ထားတဲ့ ဘဝအိမ်ထောင်စုထဲကို
ရောက်လာမဲ့ကလေးက တစ်ခြားကလေးတွေလို
ပျော့ညံ့နေလို့မဖြစ် သန်မာနေမှဖြစ်မှာ

ရှေးရေစက်ကြောင့် ယောက်ျားတစ်ယောက်နဲ့
ဖူးစာဆုံခဲ့ရတာမို့ ဘေးတစောင်းသွားတဲ့လူတစ်စုရဲ့
အထင်သေးနှိမ့်ချမူ့ကို ထိပ်တိုက်တွေ့နိုင်တာမို့လို့

အရှိကိုအရှိအတိုင်း ဒဲ့ပြောတက်တဲ့
ကျွန်တော်အကျင့်ကြောင့်
ကျွန်တော်တို့နှစ်ယောက်ရဲ့ပတ်သက်မူ့ကို
ကလေးအားလုံးရဲ့ရှေ့မှာပဲ ဖွင့်ပြောပြီး

Hurt LoveWhere stories live. Discover now