Hurt Love-44

528 59 43
                                    

Linn

တစ်လမ်းလုံးပုခုံးကိုမှီပြီး ငိုလာတဲ့
တီလေးကြောင့် ကျွန်မရင်ထဲလည်းမချိလှပါ

ပထမဆုံးရင်ခုန်သံ
ပထမဆုံးချစ်ခဲ့ဖူးတဲ့အချစ်ဦး
နှစ်ကာချစ်မိခဲ့ပေမဲ့
မလိုအပ်တဲ့သူကြောင့်
အပိုမဖြစ်ရအောင် ချစ်ခြင်းတရားတွေကို
ရုတ်သိမ်းထားတာလည်း ကြာခဲ့ပါပြီ

ဒီတစ်ခါကျတဲ့မျက်ရည်က
သူငယ်ချင်းတစ်ယောက် မိတ်ဆွေကောင်းတစ်ယောက်ကို
ဆုံးရှုံးရလို့ နှမြောလွန်းလို့Linnဝမ်းနည်းမိတာပါ

Linn : စိတ်ကိုဖြေပါ တီလေးရယ်
သမီးတို့တွေ ရှိပါသေးတယ်

P'Aunty : တီလေးစိတ်ပျော့ညံ့တဲ့လူမဟုတ်ပေမဲ့
အခုချိန်မှာ မျက်ရည်ကအလိုလိုကိုကျနေတာ
ငယ်လေးမျက်နှာကိုမြင်ယောင်မိရင်တီလေးရင်ဘတ်ထဲက
အရမ်းနာတယ် ပြီးတော့ကိုကိုနဲ့ယောင်းမ အယူမှားပြီးတစ်ယူသန်အတ္တကြီးနေတဲ့သူတို့ကို
စိတ်ပျက်မိပေမဲ့ ဟင့် တီလေးမမုန်းခဲ့ပါဘူး မိသားစုတွေလေ
သူတို့ကို ဒီလိုဇာတ်သိမ်းမလှတာကြီးနဲ့ မသွားစေချင်တာက
တီလေးစိတ်ရင်းအမှန်ပါ သမီးရယ်

Linn : သမီးနားလည်ပါတယ်
ဒါမဲ့ စိတ်ထောင်းကိုယ်ကြေဖြစ်တဲ့ထိတော့
အပင်ပန်းမခံပါနဲ့တီလေး ကျန်းမာရေးလည်းထိခိုက်မယ်
ပြီးတော့ P'Saint သူ့ကိုသမီးတို့တွေဂရုစိုက်ရမယ်
အားပေးရမယ်လေ တီလေး

P'Aunty : တီလေး ဘာလုပ်ရမှန်း
မသိတော့ဘူးသမီးရယ်...

တစ်ခွန်းမှဝင်မပြောပဲ အပြင်ကိုပဲမျက်နှာမူထားတဲ့
P'Saint ဦးလေး

အဲယားကွန်းကြောင့်
ကားလေထုက အေးနေပေမဲ့
ရင်တွင်းကိုယ်စီမှာတော့ အပူမီးတွေနဲ့

အိမ်ရှေ့ကားဆိုက်တော့
မြင်ဖူးနေကြ စက်ဘီးတစ်စီးနဲ့
ကောင်လေးတစ်ယောက်

S'Uncle : ဘယ်သူလဲ မသိဘူး

Linn : သမီးအသိပါလေးလေး စကားခဏ
ပြောလိုက်အုံးမယ် လေးလေးတို့နားနှင့်နော်

လေးလေးတို့အိမ်ထဲဝင်သွားတော့ တောင့်တောင့်ကြီး
ရပ်နေတဲ့သူအနားသွားကာ

Linn : ဘာလာလုပ်တာလဲ
ကျောင်းမှာရှိရမယ့်အချိန်ကို

Jin : အဲနာရီကြည့်မနေနဲ့ ခင်ဗျားအဆင်ပြေလား
သိချင်လို့

Hurt LoveWhere stories live. Discover now