Hurt Love-47

575 62 69
                                    

Plan

ဆိုင်မှာတစ်နေကုန်လူမပြတ်တော့
တစ်နေ့ကုန် ညောင်းချိ့ပြီး အိမ်ရောက်မှအပန်းဖြေမယ်လို့
အဝတေးထားပြီး ပြန်လာရာမှ အိမ်ကမီးဖိုချောင်မြင်ပြီး
လူကပစ်လဲချင်သွားတယ်

မီးဖိုချောင်ကြမ်းခင်းမှာဂျုံမှုန့်တွေနဲ့ကြက်ဥခွံတွေဆိုတာပွပလဲ
ဒီကြားထဲ ကြက်ဥကအောက်ကိုပြုတ်ကျတာနေလိမ့်မယ်
ကြက်ဥနှစ်တွေဆိုတာ ဂျုံမှုန့်တွေနဲ့ရောထွေးနေတယ်
စားပွဲခုံပေါ်မှာဆိုတာ ဇလုံတွေ ခွက်တွေsodaမှုန့်တွေနဲ့
ပျားရည်ဘူးကိုလည်း အဖုံးပြန်မပိတ်ပဲအလှူပေးထားတော့
ပုရွက်ဆိတ်တွေက အမုန်းစွဲနေတာ
ဘေစင်မှာလည်းဆေးဖို့ပန်းကန်တွေဆိုတာ မိုးမျှော်စင်အလား
အေပရွန်အဖြူကလည်း လက်နှီးစုတ်သာသာ

အားးး ဒီအတိုင်းတော့ကျော်မသွားနိုင်ဘူး
မီးဖိုချောင်ကိုအမှိုက်ပုံပြောင်းထားတဲ့
လက်သည်ကိုအပြစ်ပေးရမယ်
သိပ်ရှာစရာတော့မလိုဘူး
သူရယ်ကျွန်တော်ရယ်သမီးရယ်ပဲရှိတာလေ
ကျွန်တော်မလုပ်ရင် ဒင်းပဲ

Plan : Mean Phiravich!!!!
ရောက်ရာအရပ်ကနေ မီးဖိုချောင်ကိုအခုလာခဲ့!!!

အခန်းတံခါးဖွင့်သံကြားတော့
လာလမ်းကိုခါးထောက်ရပ်နေတဲ့ကျွန်တော်နဲ့
ကလေးချီပြီးထွက်လာတဲ့သူနဲ့ကွက်တိ

ကြည့်စမ်း!!ကလေးကိုဘယ်လိုတွေဝတ်ပေးထားတာလဲ
သူမွေးထားတာ မိန်းကလေးမှန်းရောသိရဲ့လား။
သူ့စွပ်ကျယ်အဖြူမတော့်တရောကြီးကို ဝတ်ပေးထားကာ
မတော်တော့ ပုခုံးစကိုချည်ထားတော့
ကလေးပုခုံးတစ်ဖက်စီမှာ အထုံးနှစ်ထုံးနဲ့
သမီးဆံပင်တွေကို မနေ့ကပဲ ကျွန်တော်ဂုတ်ဝဲလေး
ညှပ်ပေးပြီးပုံသွင်းပေးထားတာ။ အခုတော့ခေါင်းမှာ
ဂျုံမှုန့်ဗလပွနဲ့။ သူ့ကိုကြည့်တော့လည်း
အင်္ကျီတောင်မကပ်နိုင်ဘူး

Mean : ကလေး ပြန်လာပြီလား

Plan : ပြန်လာလို့အိမ်ထဲရောက်နေတာမမြင်ဘူးလား။
နေပါအုံး!!ကျွန်တော်တို့တစ်အိမ်ထဲကွက်ပြီးဂျုံမိုးရွာထားတာလား

Mean : ကလေးကလည်း ဒီမှာမင်း,သမီးက
ပန်ကိတ်ထားချင်တယ်ဆိုလို့ကိုယ့်လုပ်ကျွေးထားတာ

Hurt LoveWhere stories live. Discover now