Hurt Love-21

1.5K 109 23
                                    

Perth

Pအိမ်ကပြန်ရောက်ရောက်ခြင်း
ဘယ်သူကိုမှဘာစကားမှမပြောတော့ပဲ
အခန်းထဲဝင်ကာ နံရံနဲ့ဘီရိုကြားကနေရာလွတ်လေးမှာ
ထိုင်နေလိုက်တယ် စိတ်ဖြေစရာရှိတိုင်းဘယ်သူနဲ့မှစကားပြောချင်စိတ်မရှိလို့
ချောင်ကျကျနေရာမှာတစ်ယောက်တည်းနေတက်တာ
အကျင့်ဖြစ်နေလို့
အကြားချင်ဆုံးစကားကိုနားထောင်ခဲ့ရပေမဲ့
ကျတော်မပျော်နိုင်တာတော့အမှန်ပါ

"ငါနဲ့လက်ထက်နိုင်မလား"လို့မေးခွန်းမေးသလို
ိုအမေးခံရချိန်မှာ မယုံနိုင်လွန်းလို့ ထိုင်နေတဲ့သူကို
ိုငုံ့ကြည့်လိုက်တော့ ခံစားချက်မဲ့နေတဲ့မျက်ဝန်းတွေ

့်ကျတော်ကိုကြည့်မနေပဲ
ရှေ့က လေတွေတစ်ဖြူးဖြူးတိုက်နေတဲ့
မြစ်ပြင်ကျယ်ကိုသာ စိုက်ကြည့်နေပြီး
ဲအသက်မဝင်လိုက်တာPရာ

ကျတော်ကိုချစ်လို့ မြတ်နိုးလွန်းလို့
တစ်ဘဝလုံးကျတော်နဲ့ရှိချင်လို့
ပြောတဲ့စကားမဟုတ်မှန်းသိသာနေလို့
"ဘာလို့ကျတော့်မှလဲ"လို့မေးလိုက်တော့

"လူတွေကပြောတယ် လွမ်းစရာကိုနာစရာနဲ့ဖြေသိမ့်ကြတယ်တဲ့
ငါကျတော့ကော ပြန်ကြည့်ရင်လွမ်းမောစရာမရှိပဲနာကျင်မူ့တွေ
သည်းခံမူ့တွေ အခုထပ်ပြီး သစ္စာဖောက်ခံရမူ့ပါထပ်ပေါင်းပြီး
်စုတ်ပြတ်သတ်နေပီဖြစ်တဲ့ဒီအမှတ်မရှိတဲ့ကောင်ရဲ့
ရင်ဘတ်ထဲကနှလုံးသားကိုကော
ဘယ်လိုဖြေရမလဲ"

"ကျတော်သဘောပေါက်ပီ သူ့ကိုမေ့ချင်လို့
ကျတော်ကိုလိုအပ်တာပေါ့ ဟုတ်လား
Pအတွက်ဖြေဆေးကကျတော်လား"

ကြေကွဲစို့နစ်တဲ့အသံနဲ့ကျတော်မေးတော့

"အင်း မင်းသဘောတူလား"

"နောင်တမရမှာသေချာလား?
မချစ်တဲ့သူရဲ့ဘေးမှာနေရမှာ"

"မချစ်ပေမဲ့  မင်းနဲ့ရှိနေရင်
ငါ့စိတ်တွေအရမ်းငြိမ်းချမ်းလို့
ငါ့ကိုကူညီပေးပါ"

"လျှောက်ကြတာပေါ့ ဒီလမ်းကို
အချစ်တွေ ကတိသစ္စာတွေမပါတဲ့
တောင်းဆိုမူ့တစ်ခုတည်းနဲ့
ကျတော်Pနဲ့လက်ထက်မယ်"

Perth POV
သူ့အိမ်ပြန်ပို့တဲ့လမ်းတစ်လျှောက်
သူ့ကိုစကားတစ်ခွန်းမှမပြော
ရင်ဝမှာဆို့တစ်နေတာဘယ်လိုကြီးမှန်းမသိ

Hurt LoveWhere stories live. Discover now