Hurt Love -43

473 63 68
                                    

Saint

ဝရံတာထွက်ရပ်နေတာ တော်တော်ကြာပြီ
ကောင်းကင်ကိုမော့ကြည့်တော့ ကြယ်တွေဆိုတာ
ကတ္တီပါကော်ဇောပေါ်ကို စိန်ပွင့်တွေကြဲထားသလား
အောက်မေ့နေရတယ်။ ညနေက မိုးရွာထားပေမဲ့
ညအခါမှာတော့ တိမ်တွေကင်းပြီး ကြယ်တွေလှချက်

ကြယ်တွေကဝေ
မြေနံ့က သင်း
ညလေကအေးနေပေမဲ့
ကိုကိုရင်ခွင်မရှိတော့
ချစ်မနွေးတော့ဘူး ကိုကို

အပြုံးနဲ့ပျော်ရွှင်ခြင်းက
ကိုကို့ ကိုအုတ်မြစ်တည်ထားတာမို့လို့
မယိုင်လဲအောင် ကိုကိုရှိမှဖြစ်မှာ

နက်ဖြန်ပြန်လာမယ်ဆိုတဲ့ကိုကိုဟာ
မရောက်လာခဲ့တာ လေးရက်မြောက်နေပြီ
စိတ်ပူနေမယ်ဆိုတာမသိလေရောလား ကိုကိုရာ

ဖုန်းခေါ်လို့လည်းမရလို့ Maryအစ်ကိုဆီကနေ
Skyဆိုတဲ့တစ်ယောက်ရဲ့ ဖုန်းနံပါတ်ရသော်လည်း
သူသည်လည်း ထိုနည်းလည်းကောင်း
အဆက်အသွယ်မရ

ကိုကို ဘာတွေများဖြစ်နေလဲ?
နေများမကောင်းလို့လား?
မဟုတ်မှ သူ့မိဘတွေကများပြန်မလွှတ်တော့လို့လား?
မဖြစ်နိုင် ဆယ်ကျော်သက်အရွယ်မဟုတ်တဲ့ကိုကို့ကို
သူတို့ထိန်းချုပ်လို့မရဘူးလေ
သူတို့ကဆိုင်ပဲဆိုင်တာ
ကိုကို့ကို ကျွန်တော်ကပဲပိုင်တာ

ဒီအတိုင်းကြီးနေလို့မဖြစ်
အလုပ်တွေလေးလေးကို အပ်ပြီး
ကျွန်တော်လိုက်သွားသင့်ရင် လိုက်သွားရမယ်

ကိုကိုဆိုတာကျွန်တော့်အတွက်ဘယ်လိုလူမျိုးမို့လို့လဲ
မရရအောင်ကို ပြန်ခေါ်ခဲ့မှာ။
ခဏပဲစောင့်နော် ကိုကို
ချစ်လိုက်လာပြီ

သူ့ရပ်ဝန်းမှာ ကျွန်တော်ဘဝလေး
တည်ထားတာမို့လို့ မပျက်စီးအောင်
မာနနဲ့သိက္ခာတရားကိုမြေချပြီး
ဒူးထောက်ဆိုလည်း အညံ့ခံပါ့မယ်
လက်အုပ်ချီဆိုလည်း အသနားခံပါ့မယ်
အဓိက,ကဒီလူသားကျွန်တော်ဘေးမှာရှိနေဖို့...

At Morning

ညကတည်းက planချထားတာမို့လို့
ကုမ္ပဏီကိုစောစောသွားမယ်။Maryကိုမှာစရာရှိတာမှာပြီး
အိမ်ပြန်လာမယ်။ ပြီးတာနဲကိုကို့ဆီလိုက်သွားဖို့
လေးလေးနဲ့တီလေးဆီကနေ ခွင့်တောင်း
အဆင်ပြေရင် ရရာလက်မှတ်နဲ့LAကိုသွားမယ်လို့
စဉ်းစားထားမို့လို့ ကျွန်တော်ရေမိုးချိုးပြင်ဆင်ပြီး
နာရီကြည့်တော့ခုနှစ်နာရီစွန်းစွန်းလေးပဲရှိသေးတယ်

Hurt LoveWhere stories live. Discover now