Hurt Love-51

666 52 20
                                    

Perth

မှားခဲ့မိသမျှ နာကျင်အောင်လုပ်ခဲ့ရသမျှအရာရာဟာ မရည်စူးခဲ့ပေမဲ့ ချစ်ခံစားသွားရတာမို့လို့
စိတ်ကျေနပ်လောက်တဲ့ထိတောင်းပန်မှာမို့လို့
ထပ်ပြီးထားခဲ့ခွင့်ပြု။

လူ့လောကနဲ့မှားပြီးသန္ဓေတည်လာတဲ့
တိရစ္ဆာန်နဲ့နှူိင်းဖို့တောင်မတန်တဲ့မိန်းမယုတ်ရဲ့
အသက်ရှင်ခြင်းကဒီညနောက်ဆုံးပါ။ကျွန်တော်သာ
စက္ကန့်ပိုင်းလောက်နောက်ကျခဲ့ရင်ဖြစ်သွားမဲ့အကျိုးဆက်က
အခုထိရင်ဘတ်ထဲမှာထိန်ထိန်းညီးနေတဲ့
ငရဲမီးပမာတောက်လောင်နေရတုန်း။
ခင်ဗျားပြုခဲ့တဲ့အပြစ်ကြွေးကိုနောင်သံသရာဝဋ်ကြွေးထိ
အပြောင်းမခံဘူး။အခုချက်ချင်းဆပ်ခိုင်းပြမယ်။

ကားကိုပြန်ချိုးပြီး အိမ်ကိုမောင်းတော့
တိတ်ဆိတ်နေပုံထောက်ရင် အစ်ကိုအပြင်သွားတဲ့ပုံပဲ။
Jayအခန်းတံခါးဆွဲဖွင့်တော့ ထွက်မပြေးအောင်
်စောင့်ကြည့်ခိုင်းထားတဲ့သူက ထိုင်ခုံပေါ်မှာအိပ်ပျော်နေတာ
နောင်ဘဝတွေအတွက်ပါအတိုးချပြီးအိပ်နေပုံ။
ခုတင်ပေါ်တစောင်းအိပ်နေတဲ့ကောင်ရဲ့ပါးတစ်ဖက်ကို
ခပ်ကြမ်းကြမ်းပုပ်လိုက်တော့ မျက်လုံးပြူးပြီး
လန့်ဖြန့်နိုးလာကာ

Perth : အသံမထွက်စေနဲ့။
အပြင်ထွက်ခဲ့။

အိမ်ပြင်ရောက်တော့ ကားနောက်ဖုံးကိုဖွင့်လိုက်ပြီး
တိပ်မဲနဲ့ပါးစပ်ကိုပိတ်ဖို့ပြင်နေတဲ့သူကြောင့်

Jay : အွတ်!ခင်ဗျားဘာလုပ်..

Perth : ငါ့ကိုဘာတစ်ခုမှစောက်ထွန့်မတက်နဲ့

လက်ပြန်ကြိုးတုပ်လိုက်ကာ ကားနောက်ဖုံးထဲဝင်ဖို့
မျက်လုံးဝေ့ပြလိုက်တော့ လျှာမရှည်တော့ပဲ
အသာတကြည်လှဲချနေတဲ့ကောင်ကိုကြည့်ပြီး
နောက်ဖုံးကိုခပ်ကြမ်းကြမ်းပိတ်ချလိုက်တယ်။

အခုချိန်မှာ အဲမိန်းမကိုသတ်ချင်နေတဲ့အငွေ့အသက်တွေပဲ
ကိုယ့်ခန္ဓာမှာဝဲနေတာမို့လို့ မျက်နှာမြင်ယောင်မိတာနဲ့တင်
သွေးကဆာနေပြီ။ ဘယ်သူကိုမှပေးမသိပဲဘန်ကောက်မြို့
အစွန်မှာဝယ်ထားတဲ့ခြံကိုမိုင်ကုန်မောင်းပြီး ရောက်တာနဲ့
ဟိုကောင်ကိုကားထဲကဆွဲထုတ် ဂိုထောင်တံခါးသော့ကိုဖွင့်ပြီး
အပြစ်သားကို ခပ်ထေ့ထေ့အပြုံးနဲ့ကြည့်ကာ

You've reached the end of published parts.

⏰ Last updated: Nov 18, 2022 ⏰

Add this story to your Library to get notified about new parts!

Hurt LoveWhere stories live. Discover now