Hurt Love-49

670 67 60
                                    

Linn

" မောင်တစ်ယောက်ရန်ဖြစ်လို့တဲ့ "
Planဖုန်းဆက်ပြောတော့လုပ်လက်စအလုပ်တွေရပ်ပြီး
ကိုယ့်အထက်leaderကိုခွင့်တောင်းပြီး
နေ့တစ်ဝက်ပြန်လာရတယ်။

Plan : မြန်လိုက်တာ။
အလုပ်ပြန်မှလာလည်းရရဲ့သားနဲ့။

Linn : ရတယ် Plan။
သိနေတော့လည်းLinnအလုပ်ထဲမှာစိတ်မဖြောင့်တော့ဘူး။
အခုသူဘယ်မှာလဲ ။

ဆိုင်နောက်ဖက်ကိုလက်ညိုးထိုးပြတော့
မောင်ရဲ့တည်နေရာကိုသိလိုက်ပြီ။
ဆိုင်ရဲ့နောက်ဘက်မှာကြောင်လိမ်လှေကားလေးရှိပြီး
အဲကနေတက်သွားရင်ထပ်ခိုးပုံစံမောင့်အခန်းက
သီးသီးသန့်သန့်လေး၊ အိမ်နဲ့တစ်ခုခုဖြစ်ရင်
မပြန်ဖြစ်တော့ပဲဒီအခန်းဒီဆိုင်မှာပဲ
မောင်အမြဲနေလေ့ရှိတယ်။

Linn : Linnတက်ကြည့်လိုက်မယ်နော်။

Plan : သြော်..ကိုယ့်ချစ်သူဆီသွားတာပဲ။
ကျွန်တော်မျိုးနဲ့ဘာဆိုင်လို့ခွင့်ပန်တာတုန်း။

Linn :မဟုတ်ဘူးလေ။ Planကဒီဆိုင်ပိုင်ရှင်ဆိုတော့
Linnကခွင့်တောင်းတဲ့သဘောပါ။

Plan : ခွင့်ပြုတယ်၊ ခွင့်လွှတ်တယ်။
ဒီဆိုင်ရှင်ကအပေါ်တက်ဖို့လည်း သဘောတူသလို
အချိန်ကြာကြီးနေလည်းဗွေမယူပါဘူး။

Linn : Planနော်

Plan : မေတ္တာငတ်နေသူကိုမေတ္တာတွေအများကြီး
ပေးခဲ့Linnရေ...။ ကုသိုလ်ရတာပေါ့။

Linn : အင်း Linnလည်းကုသိုလ်လိုချင်နေတာနဲ့
အတော်ဖြစ်သွားတယ်။မောင့်ဆီသွားလိုက်အုံးမယ်။

Plan POV

ရွှတ်နောက်နောက်ပြန်ပြောပြီးထသွားတဲ့
Linnကိုအကြည့်မပြတ်ရင်း

လူရွေးမှန်တော့
စိတ်ချမ်းသာနေရပြီ
အချစ်တွေ တစ်ထပ်တည်းကျတော့
အကြင်နာမေတ္တာကယိုဖိတ်သထက်ယိုဖိတ်

Linn

အခန်းတံခါးကိုသုံးချက်တိတိခေါက်ပြီး
ခဏရပ်နေပေမဲ့မောင်ကတံခါးလာမဖွင့်
ရန်ဖြစ်တာကြောင့်ဒဏ်ရာတွေများရနေမလားဆိုတဲ့
စိတ်ကြောင့် တံခါးလက်ကိုင်ဆီလှမ်းရုံရှိသေး
ဖွင့်ဟလာတဲ့တံခါးနဲ့အတူ လူကသူ့ရင်ခွင်ဆီသို့
စက္ကန့်မခြားပဲရောက်နေလျက်

Hurt LoveWhere stories live. Discover now