Hurt Love-48

567 73 28
                                    

Bella

ဆောက်တည်ရာမရတဲ့ထိတ်လန့်ကြောက်ရွံ့စိတ်က
ညတိုင်းခြောက်လန့်နေတာBlackဆိုတဲ့လူ
ပေါ်လာကတည်းကပဲ
နက်စွေးနေတဲ့မျက်တောင်ရှည်များကြားကအကြည့်စူးစူးက
အိမ်မက်ဆိုးကိုဖန်ဆင်းတော့ မလုံတဲ့ကျွန်မကမနေနိုင်တော့။

လေလုံးထွားပြီးလက်မလှူပ်တဲ့လူ
ကလဲ့စားနဲ့မတူပဲကြင်သူဟောင်းက
ိုမျက်စောင်းထိုးနေတဲ့လူကြောင့်
စကားနာထိုးပေးလိုက်မှသာအမြင်မှန်ရပြီး
သူတစ်သက်လုံးနာကျင်ပြီးမျက်ရည်မပြတ်တာက
ိုလိုချင်တယ်တဲ့

ဒက်ခနဲသဘောပေါက်တာပေါ့။ တစ်နည်းပဲရှိတယ်။
Perth Tanaponကိုပျောက်ကွယ်သွားအောင်လုပ်ဖို့
ကြံဖန်ပူဆာတက်ပါဘိ။

သူကလွဲရင်ကျန်တာဖွဲနဲ့ဆန်ကွဲလူစားဖြစ်တဲ့ကျွန်မက
ဘာကိုဂရုစိုက်ရမှာလဲ။ သူစိတ်ကျေနပ်အောင်
ကျူးလွန်ပေးရတာပေါ့။ သတ်ခိုင်းခဲ့မိတယ်။

"တောင်းသလောက်ပေးမယ်။
ဒါပေမဲ့Perth Tanaponကတော့
သေကိုသေမှဖြစ်မယ် '' ဆိုတဲ့ခိုင်းစေချက်နဲ့

ဘယ်သူသတ်မလဲဆိုတာမသိချင်ဘူး
အဓိက,ကသူသေသွားဖို့
Saint Suppapongတစ်သက်လုံး
ရင်ကွဲနာကျဖို့ကိုပဲအာရုံထားမိခဲ့တယ်

အဲဒီပေါ့ဆမူ့ကြောင့်အခု Perthကိုလုပ်ကြံခဲ့တဲ့သူ
အကြောင်းကိုပြန်ရှာတော့ ဘာသတင်းအစနမှမရ
ခြေရာဖျောက်သွားခဲ့ပြီ။

Bella :  တောက်စ်!!!

Zee : ဘာဖြစ်တာလဲ Bella
အိပ်မပျော်ဘူးလား

Bella : ဟုတ်တယ်
ရှင်ကျွန်မကိုဖက်ထားပေးလို့ရလား

Zee : ရတာပေါ့

လာဖတ်တဲ့လူလက်က အငြိမ်မနေပဲ
ရင်ဘတ်ကိုလာပွတ်သတ်ပြီးသက်ပြင်းတွေတစ်ချချနဲ့မို့

Zee :ဘာတွေစိုးရိမ်စရာရှိလို့လဲBella

Bella : တကယ်လို့ Black ကPerthဆို
ဘယ်လိုလုပ်ကြမလဲP'Zee

Zee : မဖြစ်နိုင်ပါဘူးကွာ
သူတို့မိသားစုကားမီးထဲပါသွားတာ
မင်းရောကိုယ်ရောတွေ့ပြီးပြီလေ
ပြီးတော့ Blackက ကနေဒါကကိုယ်တို့ CEOနဲ့
ငယ်ငယ်ကတည်းကခင်လာတဲ့သူ
ဘယ်လိုလုပ်ဟိုကောင်ဖြစ်နိုင်မှာလဲ။
အလကားလျှောက်မတွေးနေနဲ့

Hurt LoveWhere stories live. Discover now