Hurt Love-42

639 60 31
                                    

Bella

P'Zeeပြန်ရောက်ကတည်းက ညပိုင်းဆိုP'Zeeတိုက်ခန်းမှာပဲ
အချိန်ကုန်တာများတော့အိမ်မှာမအိပ်ဖြစ်တာကိုမွေးဖခင်က
ရိပ်မိပြီးဆူပူတော့ သူတို့အလိုကျခဏနေပေးလိုက်တယ်
ဒီနေ့တော့အဖေရော အမေရော နယ်ဘက်သွားတော့
အိမ်ကအလုပ်သမားတွေနဲ့ ကျွန်မပဲရှိတယ်
ရတဲ့အခွင့်အရေး အလွတ်မခံပဲ
ညနေရုံးဆင်းတော့ ချစ်သူကိုညစာချက်ကျွေးချင်လို့
ဟင်းချက်စရာတွေဝယ်ပြီး သူ့တိုက်ခန်းကိုအပြေးလှမ်းတာက
ည7နာရီကျော်

bellမတီးပဲ codeရိုက်ထည့်ပြီးဝင်သွားတော့
ရှေ့တည့်တည့်ကမြင်ကွင်းက ထိန့်လန့်စရာ
ဧည့်ခန်းမှာအလှချိတ်ထားတဲ့ဓာတ်ပုံဘောင်တွေကို
ရိုက်ခွဲထားတာ အပိုင်းပိုင်းအစစ နံရံမှာလည်းသွေး
်တွေကဟိုတစ်ကွက်ဒီတစ်ကွက် ဆိုဖာတွေလည်းဖရိုဖရဲ
ဝိုင်ပုလင်းက မကုန်သေးပဲ မှောက်နေတော့ ဝိုင်တွေက
ကြမ်းပြင်မှာအမျှင်မပျက်ဆက်တိုက်ကျနေတာ

ဒီစိတ်ကုန်စရာမြင်ကွင်းကိုကျူးလွန်သူကတော့
နံရံကိုမှီပြီး ဒူးတစ်ချောင်ထောင်ကာ လက်တင်ထားတော့
လက်ဆစ်မှာက ဒဏ်ရာဗလပွ

Bella : P'Zee!!!!

အသားကုန် ကုန်းအော်လိုက်တော့
တစ်ချက်ကြည့်ပြီး

Zee : ကြွခဲ့ပါအုံး ငါ့အနားကို
ဘယ်ယောက်ျားအောက်ရောက်နေလို့ ငါ့ဆီကိုမလာတာလဲ
ဘာလဲ ငါကရိုးသွားပြီလား

Bella : ရှင့်ပါးစပ်ကိုပိတ်ထား စောက်လုပ်မဟုတ်တာတွေ
လုပ်ထားပြီး ကျွန်မကိုလာစော်ကားမနေနဲ့
မေးပါရစေအုံး ရှင်Saintကိုတကယ်ကောမုန်းနေရဲ့လား
လက်စားချေမယ့်သူက သွေးအေးအေးနဲ့ရက်စက်တက်ရမှာနော်
အခုတော့ ပါးစပ်ကပြောပြီး လက်ကမကျူးလွန်တော့
ရှင်ပဲထိခိုက်ရတယ်

Zee : ဟုတ်လား!!!အဲလောက်တောင်ဖြစ်သွားပြီလား
ဟက်...မင်းသားခေါင်းစောင်းထားတာထူးမလာမှတော
့ဘီလူးဇာတ်ခင်းပေးရတော့မှာပေါ့

Zee POV

သူ့ကိုထိမှ
ငါ့ကိုကြည့်မယ်ဆိုရင်
မင်းအာရုံထဲ ငါရှိဖို့အရေး
ငါလူမဆန်ပေးမယ်

မုန်းလို့နော် မုန်းလို့
ငါမင်းကိုလျစ်လျူရှူလို့မရလောက်အောင်ကို
မုန်းလွန်းလို့

Hurt LoveWhere stories live. Discover now