Hurt Love-26

2.1K 105 24
                                    

Zee

ဒီကိုရောက်ကတည်းကbaeဆီph ခေါ်လည်းချပစ်
mes ပို့လည်းreply မလာသဖြင့်စိတ်တော့မကောင်း
သူမသွားပါနဲ့လို့ပြောတဲ့လမ်းကို ကျတော်ဇွတ်တိုးခဲ့လို့
သူကကျတော့်ကိုသူ့အနားမှာပဲရှိစေချင်တာ
ကျတော်ပုခုံးကိုမှီပြီး ကလေးလေးလိုနေချင်တာ
သူမှီဖို့ ကျတော်ပုခုံးက ဖော့ဖယောင်းလို
ိုပျော့ပျောင်းလို့မရဘူး
ကျောက်သားလိုမာကျောနေမှရမယ်
အဲတာကြောင့် ဒီလောက်သူတားနေတဲ့ကြားက
ကနေဒါကို ကျတော်မရရအောင်လာပြီး
6လပဲတက်ရမယ့် အလုပ်နဲ့ပတ်သတ်တဲ့သင်တန်းကို
first classကနေ certificate ကိုရအောင်ယူပြီး
babeဆီကိုပြန်မှာပါ

သူ့ကိုလွမ်းတဲ့စိတ်ကပဲ ကျတော့်ကိုပိုကြိုးစားချင်အောင်
လုပ်နိုင်တယ် ပြန်ရမယ့်ရက်ကိုလက်ချိုးရေတွက်ရင်းနဲ့
"ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်" ဆိုတဲ့ဆောင်ပုဒ်ကို
လက်ကိုင်ထားတဲ့သူမို့လို 3လပဲသင်တန်းတက်ရပြီး
ကျန်တဲ့သုံးလကို သူတို့နိုင်ငံမှာရှိတဲ့ company တစ်ခုမှာ
အလုပ်သင်အဖြစ်နဲ့ လေ့လာခွင့်ရမှာမို့လို့
တာထွက်ကတည်းကနောက်ကျမကျန်ခဲ့အောင်
ကြိုးစားနေရပြီ

ဒီနေ့ပေါ့ ကျတော့်အိမ်မက်တွေ ပြာကျခဲ့တဲ့နေ့
သင်တန်းပြီးလို့ နေ့လည်စာစားဖို့
ကျတော်တို့အဖွဲ့တွေ ဆိုင်တစ်ဆိုင်မှာထိုင်နေတုန်း
အစ်ကိုတစ်ယောက်က
"ငါတို့CEOမနေ့ကလက်ထက်သွားပြီ"လို့phoneကြီး
ကြည့်ပြီးပြောလိုက်တာကြောင့်
ခေါင်းပေါ်တည့်တည့်ဓားနဲ့ထိုးချလိုက်သလိုပဲ

Bella : ဟုတ်လို့လား Pရယ်

"ဟုတ်ပါတယ်ဆိုမှ ငါမဟုတ်ပဲပြောမလား
ဒီမှာကြည့်လိုက် ရုံးကလူတွေချည်းပဲ
Group chat ဖွင့်ထားတာ"

Bella : ဟယ် ဟုတ်ပါရဲ့ P'Zee
ဒီမှာကြည့်ပါအုံး

Zee

ကိုယ်ရှေ့တည့်တည့်ဖုန်းကြီးလာထိုးပေးတဲ့Bellaကြောင့်
လွင့်ထွက်သွားတဲ့စိတ်အာရုံတွေကိုစုစည်းပြီး screen ကို
ကြည့်လိုက်တော့ ဘုရားကျောင်းမှာထင်တယ်
ဆင်တူလက်စွပ်ဝတ်ထားတဲ့အမျိုးသားနှစ်ယောက်
ပြုံးယောင်လေးသန်းပြီး ကျရောက်လာမဲ့အကြင်နာကို
မျက်လွှာချပြီးအသင့်စောင့်ကြိုနေတဲ့ကောင်လေးနဲ့
အဲကောင်လေးရဲ့ပါးမို့မို့လေးနှစ်ဖက်ကို
ယုယစွာထွေးပွေ့ထားပြီး
မျက်စိမှိတ်ကာနဖူးကိုနှုတ်ခမ်းနဲ့နူးနူးညံ့ညံ့လေး ဖိကပ်ထားတဲ့ကောင်လေးတစ်ယောက်

Hurt LoveWhere stories live. Discover now