Hurt Love-50

893 55 55
                                    

Saint

ပိရိတိကျကာအနားသတ်ညီတဲ့နှူတ်ခမ်းသားမှ
ထွက်ကျလာမဲ့အဖြေကိုစောင့်ဆိုင်းနေရတာ
သေမိန့်နဲ့ရှင်မိန့်ကြားကကာလတစ်ခုကိုရောက်နေသလို

အကြည့်ချင်းစစ်ခင်းနေရင်း နေရာမလွဲတူနေသည့်
နှာထိပ်ဖျားကမဟူရာရောင်မှဲ့နက်လေးသို့ တိုးကပ်သွားမိသည်အထိစိတ်အလိုလိုက်မိပေမဲ့
ကျစ်ခနဲစုပ်သတ်ပြီး မျက်ရည်စတန်းလန်းနဲ့
ရှောင်ဖယ်ထသွားတဲ့သူကြောင့် ရှက်စိတ်နဲ့ဝမ်းနည်းစိတ်က
သွေးနားထင်ကြောပေါက်ထွက်မတက်

Perth : လူတိုင်းကိုခင်ဗျားကိုကိုလို့ထင်မနေနဲ့။
သေတဲ့လူကပြန်ရှင်လာတယ်လို့ခင်ဗျားကြားဖူးလို့လား၊
ကျုပ်ကPerthမဟုတ်ဘူး၊ ဒါပေမဲ့တစ်ခြားကောင်ကို
ချစ်မယ်ကြံတိုင်းအခုပြောမဲ့စကားကိုအချက်ပေးမြည်သံလို
သဘောထားပြီးစွဲနေအောင်မှတ်ထား၊
Perthကိုဆက်ချစ်ရင်ချစ် မဟုတ်ရင်
ခင်ဗျားကျုပ်ကိုပဲချစ်ရမယ်။

Saint : မင်း,သူမဟုတ်ပဲဘာလို့
ငါမချစ်မှာကြောက်နေရတာလဲ?၊မင်းနဲ့အနေသာကြီးလေ
မင်းဒီလိုရင်ကွဲနာကျပြနေတော့ငါမင်းကိုသူလို့ထင်တာပေါ့။

Perth : ကျုပ်ရောခင်ဗျားကိုကိုရောက
အချစ်တွေပေးနေရတဲ့သူတွေလေ၊ ဘဝချင်းတူနေတော့
ရင်ဘတ်ချင်းနီးပြီးသူ့အစားမျက်ရည်ကျပေးတာ။

Saint : ဘာလဲ! မင်းဘေဘီကလည်းမင်းကိုမချစ်ဘူး
ပြောလို့ပေါ့၊ ဟုတ်လား!။အသံမထွက်ပုံထောက်ရင်တော့
ဟုတ်လောက်မှာပါ။ ဟုတ်သားပဲ ကိုကိုကသေသွားပြီပဲ။
ငါရူးသွားတာနေမှာ

Perth : တွေးချင်သလိုတွေး။ တစ်ခုပဲနော်
အချစ်သစ်ရှာချင်ရင်တော့ Blackဆိုတဲ့ကောင်ကိုပဲ
ရွေးချယ်ရမယ် ကြားလား! မဟုတ်ရင်ခင်ဗျားရွေးတဲ့
ဘယ်သူမဆိုကျုပ်လက်နဲ့အသေသတ်ပစ်မှာ

Saint POV

ပြောချင်ရာပြော
ကျည်ဆံထွက်သွားသလိုမောင်းချသွားတဲ့
ကားအနက်တစ်စင်းကအရှိန်ပြင်းစွာ

ငါမချစ်ဘူးပြောလည်းမကြိုက်
ချစ်တဲ့စိတ်နဲ့ဇွတ်တိုးဝင်ကြည့်တော့လည်း
လက်မခံ ၊ရှင်းရင်းနဲ့ရှူပ်လေ မင်းဘာဖြစ်ချင်နေမှန်း
ငါတကယ်နားမလည်တော့ဘူး။

Hurt LoveWhere stories live. Discover now