Hurt Lovr-14

1.2K 87 33
                                    

Plan

ရပ်တန်ုလို့မရတဲ့အရာတွေထဲမှာ
အချိန်ဆိုတာလည်းတစ်ခုအပါအဝင်ပေါ့

ဘာလိုလိုနဲ့Perthထွက်သွားတာ
ဒီနှစ်နဲ့ဆို5နှစ်ကျော်နေပီ
ကျတော်လည်းကျောင်းပြီးလို့
companyအလုပ်ကိုစိတ်မဝင်စားလို့
coffeeနဲ့cake ဆိုင်လေးဖွင့်ထားတယ်

Perthနဲ့ကအဆက်အသွယ်တော့မပြတ်ပါဘူး
Phနဲ့အမြဲတမ်းပြောဖြစ်တယ်

သူUSရောက်ရောက်ချင်းပဲ ကျောင်းတက်ရင်းနဲ့
သူ့အဖေရဲ့companyမှာ လုပ်ငန်းပိုင်းတွေနားလည်အောင်အဲအချိန်ထဲက
အချိန်ပိုင်းအလုပ်ဝင်လုပ်နေပြီး
companyနဲ့ပတ်သတ်တဲ့သင်တန်းတွေ
တက်ဖြစ်တယ်လို့တော့ပြောတာပဲ
သူရဲ့တစ်နေ့တာဖြစ်ပျက်တာတွေကို
ကျတော်ကိုမမောနိုင်မပန်းနိုင်ပြောပြတယ်
ပြီးရင်တော့သူ့အဒေါ်ကိုဂရုစိုက်ပေးဖို့နဲ့
ကျတော်ကိုလည်းသူ့ဆီလာလည်ဖို့ခေါ်တယ်
ကျတော်သူ့ကိုဒီလိုစိတ်လွတ်ကိုယ်လွတ်
လန်းဆန်းပျော်ရွှင်နေတဲ့လူငယ်တစ်ယောက်လို
ဖြစ်စေချင်တာလေ
phထဲကသူ့အသံကိုနားထောင်လိုက်တာနဲ့
ဘာအနှောင်အဖွဲ့မှမရှိပဲ တကယ်ကိုပျော်နေတဲ့အတိုင်းပဲ
အရင်တုန်းကPerth Tanaponပုံစံ
မဟုတ်တောတာ့တော့သေချာတယ်

phပြောတိုင်းP'saintရဲ့အကြောင်းကို
တစ်စက်ကလေးမှမမေးခဲ့သလို
ကျတော်ပါးစပ်ကလည်းယောင်ပြီးတော့တောင်
မဟခဲ့ဘူး

ဒါမဲ့လည်းPရဲ့သတင်းတွေတော့ကျတော်ကြားပါတယ်
ကျောင်းတက်တုန်းက မိန်းကလေးကော
ယောက်ျားလေးပါမကျန် သမင်လည်ပြန်ကြည့်ရလောက်အောင်
ဖမ်းစားနိုင်တဲ့ တစ်ကျောင်းလုံးရဲ့moonက
အခုဆိုရင်Red Dragon groupရဲ့ပဲ့ကိုင်ရှင်
CEO Saint Suppapoungဆိုတဲ့
နေရာကိုပိုင်ဆိုင်နေပြီး

P'Zeeနဲ့companyတစ်ခုထဲမှာပဲ
အတူတူရှိနေကြတာ

5နှစ်တောင်ကြာခဲ့ပီမလား
ဒီလောက်အချိန်ဆိုရင်
Perth p'saintနဲ့ပတ်သတ်ပြီး
ခံစားချက်တွေ ထိန်းချုပ်နိုင်လောက်ပီထင်တယ်
ကျတော်အထင်ကိုပြောတာပါ
သူရင်ထဲမှာဖြစ်ပျက်နေတာကို
သူကလွဲပြီးဘယ်သူမှမသိနိုင်တော့
တစ်ထစ်ချကြီးပြောလို့လည်းမရဘူး

Hurt LoveWhere stories live. Discover now