Hurt Love-46

454 55 46
                                    

Saint

အသက်သာရှုနေတာ လူသေတစ်ယောက်လို
ငြိမ်နေတာ ပွဲပြီးတဲ့အထိ။ရင်တစ်ခုလုံးဟင်းလင်းပွင့်နေသလို
ရှေ့တည့်တည့်မှာလာထိုင်ကာရေလာကမ်းတဲ့လူကြောင့် ပေးတဲ့လက်ကိုရိုက်ချလိုက်ပြီး

Sky : အို...ရင်ပူနေမယ်ထင်လို့ရေတိုက်တာကို

Saint :  ရှင်းပြချင်စိတ်ရှိလား? ရှိမယ်ထင်တယ်
တွေ့အောင်တောင် ခင်ဗျားကျတော့်ကိုဒီပွဲလာဖို့
မရမကဖိတ်ထားတာလေ။ဟုတ်တယ်မလား!

Sky : ထွေထွေထူးထူးမဟုတ်ပါဘူး။
Perthနဲ့တူတဲ့လူရှိတယ်လို့ ပြောချင်တာ
ပါးစပ်နဲ့ဆိုမယုံမှာဆိုးလို့ မင်းကိုခေါ်ပြတာ

Saint : ကျွန်တော် မယုံဘူးဆိုရင်ကော

Sky : မယုံရင် စမ်းသပ်ကြည့်ပါလား
Blackနဲ့အလုပ်တူတူလုပ်ဖို့ မင်းလက်ခံသင့်တယ်

Saint : ခင်ဗျားကော ယုံလား
အဲလူက ကိုကိုမဟုတ်ဖူးဆိုတာ

Sky : တစ်ဖက်သတ်အချစ်ကလည်း ချစ်တာပဲမို့လို့
မင်းလောက်မဟုတ်ပေမဲ့ မင်းထက်မလျော့တဲ့
နာကျင်ခြင်းတွေနဲ့ ငါလည်းဆက်ရှင်သန်ခဲ့တာSaint
မမေ့ခဲ့တဲ့မျက်နှာကို အမှတ်မထင်ပြန်တွေ့တော့
ဟုတ်သည် မဟုတ်သည်အပထား
သူ့အနားနားရောက်ဖို့ သူမျက်နှာကိုနေ့တိုင်းမြင်နိုင်ဖို့
အခွင့်အရေးကိုရအောင်ရှာတယ်။ မရရအောင်လည်း
ကြံစည်တယ်။ ကြိုးစားခြင်းရဲ့ရလဒ်ကတော့ အခု
မင်းမြင်တဲ့အတိုင်းပဲ။ သူရဲ့ယုံကြည်မူ့၊သံယောဇဉ်တွေ
ဂရုစိုက်မူ့တွေတော့ ငါမကြာခဏရတယ်။ အချစ်ကတော့...

Saint : ဟက် ခင်ဗျားကတော်တော်
ဟာသပြောတက်တယ်နော်

Sky : တကယ်ပြောတာ
မင်းရဲ့ကိုကိုက မင်းတစ်မျက်နှာပေမဲ့
Blackကတော့ မျက်နှာမရွေးဘူး
ချစ်စွဲမရှိတဲ့သူက Jayနဲ့ပြတ်ချင်လည်းပြတ်မယ်
နောက်တစ်ယောက်က ငါဖြစ်ချင်လည်းဖြစ်မယ်
ငါနဲ့ဆိုရင်တော့ ငါနဲ့ပဲအဆုံးသတ်အောင်
မရရအောင်ကို ဖန်တီးယူပစ်မှာ

Saint : ခင်ဗျားပါးစပ်ကို ပိတ်လိုက်တော့နော်

Sky : ဟင်းဟင်းး သေချာတာကတော့
Perthက မင်းအတွက်ဆို
Blackက ငါ့အတွက်ပဲ

Hurt LoveWhere stories live. Discover now