လုချင်းယီ...၊ ဘေးဘက်ဝန်းကျင်ကို ကြည့်လိုက်တော့ အမျိုးသမီးတွေက သူမကို ကြည့်ပြီး အတင်းတုပ်နေကြ၏။ ရှန်းရီနဲ့ သူမ... အတူတွဲဝင်လာကတည်းက အကုန်လုံး.... သိချင်စိတ်နဲ့ ကြည့်နေကြတာပင်။

" ရှန်းမိသားစုရဲ့ ပါတီတိုင်းက ဒီလိုပဲ ခမ်းနားတာလား...''
လုချင်းယီ... မေးလာ၏။

" ဒီလိုပါတီပွဲမျိုးကို နိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေပါ လာကြတယ်လေ...နောက်ပြီး တစ်ချို့တွေကလည်း သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုကို ဖော်ပြချင်ကြတယ်....၊ တစ်ချို့လူတွေကျတော့ ချမ်းသာတဲ့ သူတွေနဲ့ စီးပွားရေး  တွဲလုပ်ဖို့အတွက် မိတ်ဖွဲ့ကြတယ်.....ပြောရရင် စီးပွားရေး ဆန်တာပေါ့...''
ရွှီက ရှင်းပြလာ၏။

" အဲ့တာ ဟုတ်တယ်...၊ စောစောတုန်းကတောင် လီမိသားစုရဲ့ သခင်​လေးနဲ့ ဆန်းမိသားစုကိုပါ တွေ့လိုက်တယ်....''
ရှောင်လန်က ထပ်ပြော၏။
အဲ့ဒီစကားကို ကြားတာနဲ့ လုချင်းယီ တစ်ကိုယ်လုံး အေးခဲသွားသလို ခံစားလိုက်ရသည်။
ဘာ...လီသခင်လေးပါ ရောက်နေတာတဲ့လား။
ဆန်းမိသားစုက လီသခင်လေးနဲ့ တွေ့ ဖို့ အတင်းအကျပ် စီစဉ်တိုင်း လုချင်းယီ.....ဘယ်တုန်းကမှ သွားမတွေ့ခဲ့ပေ။ အခုတော့ ရှောင်လွှဲလို့ မရနိုင်တော့ဘူးလား....
ဟင်....ဒါဆိုရင် သူမရဲ့ အဒေါ် မကောင်းဆိုးဝါးမကြီးပါ ရောက်နေတာပေါ့.....သွားပြီ.....
ပြဿ      နာအကြီးကြီးတွေတော့ ပေါ်လာတော့မှာပဲ။

" လာချင်လို့ လာတာတော့ မဖြစ်နိုင်ဘူး....တွမ်မိသားစုနဲ့ လျူ မိသားစုကတော့ အရင်ကတည်းက ကတိပေးထားလို့.... ကျန်တဲ့မိသားစုတွေက ဘာလုပ်မလဲဆိုပြီး ဝေဖန်ကြဖို့ ထင်တယ်...''
ရွှီက မျက်နှာ မသာမယာနဲ့ ပြော၏။

ရှောင်လန်က သူမယောင်္ကျားရဲ့ လက်မောင်းကို ကိုင်လိုက်ကာ ရွှီဘက်ကို ကြည့်လိုက်ပြီး....

" ရွှီ....၊ ချင်းယီကို အဖွားဆီ ခေါ်သွားလို့ ရပြီထင်တယ်...အဖွားက ဧည့်သည်တွေနဲ့ စကားပြောလို့ ပြီးလောက်ပြီ...''

" ဟုတ်ပြီ...၊  သွားကြစို့...အဖွားက အချိန်တိကျမှ ကြိုက်တာ နောက်ကျနေလို့ မဖြစ်ဘူး.....မရီး...လာ...! ကျွန်တော် ...အဖွားဆီ ခေါ်သွားမယ်...''
ရွှီက သူ့မရီးကို လက်ကမ်းပေးလိုက်၏။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now