ရွှမ်းရှုနဲ့ မန်ကျောက်....ဆိုင်မှာ သိမ်းဆည်းနေတုန်း ကုန်းယီကျွင်း ဒေါသထွက်စွာနဲ့ ဆိုင်ထဲကို ဒုန်းစိုင်းဝင်လာ၏။ ဆိုင်ထဲကို ရောက်တာနဲ့ တွေ့ရာ ပစ္စည်းတွေကို ပစ်ခွဲနေတော့သည်။

" ယီကျွင်း...! ဘာဖြစ်လာတာလဲ...?''
ရွှမ်းရှုက သူ့သားအတွက် စိတ်ပူနေလေ၏။
နောက်ပြီး ယီကျွင်းရဲ့ လက်ထဲမှာလည်း စာတစ်စောင်ကို ကိုင်ထားတာကို သူမ မြင်သွားခဲ့သည်...

" ကျွန်တော် အလုပ်ကနေ ထုတ်ခံလိုက်ရတယ်...!''

" ရာထူးတိုးတာကလည်း ရုတ်တရက် ပယ်ဖျက်ခံလိုက်ရပြီး အုပ်ချုပ်ရေးပိုင်းကလည်း ဘာမှမပြောဘဲ ထုတ်လိုက်တယ်...ဘယ်သူ လုပ်တာမှန်းလဲမသိဘူး...ကျွန်တော်တော့ ဘယ်ဆက်လုပ်ရမလဲ မသိတော့ဘူး... အမေ...''

ရွှမ်းရှုတစ်ယောက် အံ့ သြတုန်လှုပ်နေတော့သည်။ သူ့ဆိုင် အခြေအနေကလည်း မကောင်း....
သူ့သားကပါ အဲ့လိုဆိုတော့ သူမတော့ သွားပြီ...

" ဘာ...? သားကို ဒီလိုဖြစ်အောင် ဘယ်သူက လုပ်ရဲတာလဲ...?''
ရွှမ်းရှု...မကျေမနပ်ပြောလာ၏။

" ကျွန်တော်လည်းမသိဘူး....အုပ်ချုပ်ရေးပိုင်းမှာ ကျွန်တော့် သူငယ်ချင်းတွေ.... မိတ်ဆွေတွေရှိတယ်...သူတို့ကိုလည်း မေးမရဘူး ပါးစပ်ပိတ်နေကြတယ်....''

ရွှမ်းရှု... တစ်စုံတစ်ခုကို သတိရသွားပြီး...

" အာ...ဒီခွေးမတော့...! ဒါက လုချင်းယီဆိုတဲ့ ကောင်မကြောင့်ပဲ ဖြစ်ရမယ်...''
သူမက စားပွဲကို ထုလိုက်ပြီး သူမမျက်လုံးမှာတော့ အမုန်းတွေ ပြည့်လာချေ၏။

" ဒီကောင်မက သူ့ကောင်ကို အသုံးချပြီး ငါတို့ကို အဲ့လို လုပ်နေတာပဲ ဖြစ်ရမယ်.. !''

ကုန်းယီကျွင်း ခဏစဉ်းစားလိုက်တော့ ထိုညက လုချင်းယီဖုန်းကို လာကိုင်တဲ့ အဲ့ဒီလူပြောတာကို သတိရသွားလေပြီ။

ချင်းယီက တကယ်ပဲ သြဇာညောင်းတဲ့ လူကြီးနဲ့ လက်ထပ်လိုက်တာလား...?

" စိတ်မပူပါနဲ့ အမေ...ဘယ်သူလုပ်လဲဆိုတာကို သိအောင် ကျွန်တော်လုပ်မှာပါ....လုချင်းယီက ကျွန်တော့ကို အလုပ်ပြုတ်အောင် လုပ်တဲ့အတွက် ဘယ်တော့မှ ခွင့်မလွှတ်ဘူး.....''

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now