" သူ့ကို လက်ထပ်လိုက်တာ ပိုက်ဆံကြောင့်လား..?''

လုချင်းယီ... ရေတစ်ခွက်သောက်လိုက်ပြီး...

" ငါက ဘာဂါတွေနဲ့ အသားတွေ အများကြီး စားရအောင် လက်ထပ်လိုက်တာ.....!''

ဒီတစ်ခါတော့ ရှန်းရွှီ ကျယ်လောင်စွာ ရယ်လိုက်ချေ၏။ အမလေး...ဒီမရီးကိုတော့ သဘောကျနေမိပြီ။ အထူးသဖြင့် သူတို့ရဲ့ ဇာတ်လမ်းကို ပြန်နားထောင်ရတာကိုပေါ့...

"  ကျွန်တော့် အစ်ကိုကတော့လေ အစားအသောက်ကောင်းတွေနဲ့ တကယ်ကိုပွတာပဲ... အဲ့တာကြောင့်အိမ်ပဲ ပြန်ချင်နေတာကိုး...''

" လူတိုင်းက အစားအသောက်ကို ခုံမင်ကြတယ်လေ....အထူးသဖြင့် အချစ်တွေနဲ့ ဖန်တီးထားတဲ့ အစားအသောက်ကိုပေါ့...''

" ဒါဆို ကျွန်တော့် အစ်ကိုကို ချစ်လား...?''
သူ့အစ်ကိုက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးလေ...သူ..အခုလို လက်ထပ်လိုက်တော့ မိန်းကလေးတွေ ဒေါသထွက်ကုန်ကြတော့မယ်....
အမလေး သူ့မရီးကိုတောင် စိုးရိမ်လာပြီ။

"ဒီစကားကိုတော့ နင့်အစ်ကိုကိုပေးမကြားနဲ့...''
ချင်းယီ မျက်စိမှိတ်ပြလိုက်၏။

ချင်းယီ...၊ အရှေ့ဘက်မှာ အသံကြားလို့ ထွက်ကြည့်လိုက်တော့ မျက်လုံး ပြူးသွားရချေပြီ။

အာခီတ ဂျပန်ခွေးလေး နှစ်ကောင် (အာ..ခွေးကြီးနှစ်ကောင်)က သူတို့ရဲ့ မာမီ စိတ်ဆိုးတော့မှာကို သိလို့ထင်ပါရဲ့....ကုတ်ကုတ်နဲ့ ပြေးထွက်သွား၏။

" Mallows..! Milktea..! ဒီကို လာကြစမ်း...''
လုချင်းယီ အော်ဟစ်လိုက်ပြီး သူတို့နောက် လိုက်သွား၏။

ရှန်းရွှီ....ပြုံးလိုက်ပြီး အရှေ့က အခြေအနေကို ကြည့်ကာ ရယ်လိုက်၏။ သူ့အစ်ကိုက ဒီလိုမိန်းကလေးနဲ့ တွေ့တယ်ဆိုကတည်းက သူဝမ်းသာပါတယ်လေ...

ရှန်းရွှီ...၊ သူ့အစ်ကိုရဲ့ အသံကို ကြားတော့ သူ့ပန်းကန်ထဲက မုန့်ကို မြန်မြန်စားလိုက်၏။ အာ...ဒီ မကောင်းဆိုးဝါးကြီးနဲ့ ရင်ဆိုင်ရတော့မယ်လို့ ဘာလို့ ခံစားနေရတာလဲ...?

Unicode...

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now