Start from the beginning
" ကျွန်တော့ အစ်ကိုကတော့လေ...မိန်းမယူထားတာလား... ကိုယ်ပိုင် စားဖိုမှူးငှါးထားတာလား...မသဲကွဲတော့ဘူး...''
သူမက ပြုံးလိုက်ပြီး...
" ဒါနဲ့ ပြောရဦးမယ်...ရှင်က ကျွန်မတို့ လက်ထပ်ထားတာကို ဘာလို့ မယုံသင်္ကာဖြစ်နေရတာလဲ...? "
ရှန်းရွှီ သူ့မရီးကို တစ်ချက်ကြည့်လိုက်၏။ သူမက ပိန်ပြီး ပုလည်းပုသည်။ သူမရဲ့ ရင်ဘတ်က သူ့အစ်ကိုကို အရင်ကလာဆွဲဆောင်ကြတဲ့ မိန်းကလေးတွေရဲ့ ရင်ဘတ်နဲ့ မတူဘဲ ပြားကပ်လှ၏။
ဒီမိန်းမက သူ့အစ်ကိုရဲ့နှလုံးသားကို ဘယ်လိုများဖမ်းစားလိုက်တာလဲ...?
" နေ့လည်စာတော့ မကျက်သေးဘူး...ဗိုက်ဆာရင် တစ်ခုခုစားနေမလား...?''
" ဟုတ်ကဲ့.... ဘာပဲဖြစ်ဖြစ်ရပါတယ်...၊ ကျွန်တော် အစားမရွေးပါဘူး...''
အစားအသောက်ဆိုတာနဲ့ ရှန်းရွှီရဲ့ အမူအယာက ချက်ချင်းပြောင်းသွားတော့သည်။
Paid group ထဲဝင်လို့ရသေးတယ်နော်😁
စာစဉ်တစ်ခုမှာ  အပိုင်း ၄၀တောင်ပါတာ....
Gpထဲမှာ စာအုပ်မဲဖောက်ပေးမယ်လို့ပြောထားတာ အယောက်၂၀ပြည့်ဖို့ နည်းနည်းလေးပဲလိုတော့တယ် ကံကောင်းရင် စာအုပ်ရသွားနိုင်တယ်နော်
Gpထဲကို ဝင်ချင်တယ်ဆိုရင်တော့ ပြီးခဲ့တဲ့ 🔔📣ထဲမှာ သေချာရှင်းပြထားပါတယ်ရှင့်....
Unicode......
  ❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤
အပိုင်း ၇၇။ မရီးကို စစ်ဆေးမေးမြန်းခြင်း (၁)
လွန်ခဲ့တဲ့ ၁နာရီခန့်က....
ရှန်းရွှီ... အိပ်ယာပေါ် လှဲချလိုက်ပြီး သူ့ဦးနှောက်က အရမ်းကို ရှုပ်ထွေးလွန်းနေတော့ နဖူးပေါ်လက်တင်လိုက်ကာ မျက်နှာကျက်ကိုပဲ ကြည့်နေမိသည်။ သူ ဒီအိမ်ထဲကို ဝင်လာတာနဲ့ သူ့အစ်ကိုက သူ့ကို ကန်ချမယ်လို့ ထင်ထားပေမယ့် ရုတ်တရက် မိန်းမငယ်လေးကို တွေ့လိုက်ရသည်လေ....
သူ့ရဲ့ စိတ်ပုတ်တဲ့အစ်ကိုက အံ ့သြနေခြင်းမရှိ​ပေ။ အဲ့ဒီမိန်းကလေးက ခေတ်ဆန်တဲ့ အသိုင်းအဝိုင်းက မိန်းကလေးတွေလောက် မလှပေမယ့် သူ့အစ်ကိုနဲ့တော့ လိုက်ပေသည်။
စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now