ရှန်းရီ အိပ်ယာပေါ်မှာထိုင်လိုက်ကာ ရေခဲမုန့်ကို ဖောက်ပြီး စားနေတော့...

" ရှန်းရီ...! ရှင်..ကလိမ်ကကျစ်ကျပြန်ပြီ....ကျွန်မရေခဲမုန့်ကို ပြန်ပေး...!''
သူမက လုဖို့ ကြိုးစားပေမယ့် သူ့ရဲ့ ရှည်လျားတဲ့  လက်နဲ့ ရေခဲမုန့်ခွက်ကို မြှောက်ထားပြီး ကာကွယ်ထားတာကြောင့် လုချင်းယီ.... ယူလို့မရဖြစ်နေသည်။

" ဘာလို့ ကိုယ့်ထက် အစားအသောက်ကိုပဲ ရွေးချယ်နေရတာလဲ...?.. ဘာလို ့...ရှန်းရွှီကို ကိုယ့်မုန့်တွေ အများကြီးကျွေးလိုက်ရတာလဲ...?''

"......''

" ရှင်..ဘာကိုဆိုလိုတာလဲ...? "
သူ့ရဲ့ စကားတွေကြောင့် လုချင်းယီ စိတ်ရှုပ်ထွေးနေသည်။ ငါ..ဘယ်တုန်းက သူ့ထက် အစားအသောက်ကို ရွေးချယ်လို့လဲ..?

ထို့နောက်... သူမက သူ့ပေါင်ပေါ်မှာ သွားထိုင်လိုက်တော့..

" ကိုယ်မေးနေတယ်လေ..ဘာကို ရွေးမလဲလို့...? ရေခဲမုန့်လား...ကိုယ်လား..?''

" ဘာလို့ ရွေးခိုင်းနေတာလဲ...? ကျွန်မက နှစ်ခုလုံးကို ကြိုက်တယ်...''

ရှန်းရီကတော့ ရယ်နေလျက်...

" ကျွန်မပါးစပ်က စားချင်နေတာကိုး...''
သူမ မသဲမကွဲ ပြောလာ၏။

" အဲ့ဒီပါးစပ်က စားတာအပြင် ဘာလုပ်တတ်သေးလို့လဲ...?''

" မသိဘူးလေ...''

နောက်ပြီး ရှန်းရီက လူယုတ်မာ လေသံဖြင့်...

"ဒါဆို.. အဲ့တာ နာလား..?''

သူမ ထင်ထားတာတော့ ဖြစ်လာတော့မည်။ ဒါပေမယ့် သူမက ကြိုတင် ပြင်ဆင်ထားတယ်လေ...

" ဘာ..နာတာလဲ..?''

ဘာလဲ..?နိဗ္ဗန်ရောက်သလို ခံစားရလားလို့ မေးချင်တာလား...? သေလောက်အောင် နာတာကို သိသိကြီးနဲ့ .....မူယာမာယာတွေ လာများပြန်ပါပြီ။

" ရှင်က နိဗ္ဗန်ရောက်သွားသလို ခံစားရလို့လား..?...ဒီမှာ.. ယောကျၤား.... ကျွန်မ အရမ်းနာတာကို ရှင်သိပါတယ်.... ''
သူမက နှုတ်ခမ်းစူထား၏။

ရုတ်တရက် သူမက အိပ်ရာပေါ်လဲကျသွားပြီး ရှန်းရီက သူမအပေါ်ကနေ အုပ်မိုးလိုက်၏။ ထို့နောက် ကြမ်းပြင်ပေါ် ရေခဲမုန့်ခွက် ပြုတ်ကျသံကို ကြားလိုက်ရတော့သည်။ ဒီလူကြီးတော့...! ငါ့ရဲ့ ရေခဲမုန့်တွေကို ဖြုန်းတီးပစ်နေတာ ဘယ်နှစ်ကြိမ်ရှိပြီလဲ...?

" ဒီတစ်ကြိမ်တော့ သာယာမှုတွေ ခံစားရအောင် ကိုယ်သင်ပေးမယ်...''

" ကျွန်မလည်း အကောင်းဆုံး သင်ယူမှာပါ...''
သူမက ရှန်းရီရဲ့ နှုတ်ခမ်းနားမှာ ကပ်ရင်း ပြော၏။

သူက  ကြမ်းတမ်းတဲ့ အနမ်းမိုးတွေ ရွာချလိုက်တော့ သူမက သူရဲ့ လည်ပင်းကို သိုင်းဖတ်ထား၏။ ထို့နောက် သူက ရုတ်တရက်...

" မင်း... ဟိုကောင်နဲ့ တစ်ချိန်လုံး ရှိနေတာ...ကိုယ် မနာလိုဘူး..''
သူက အမောတကော ပြောလာပြန်၏။

" အခုတော့ မင်းရဲ့အာရုံကို ကိုယ့်ဆီမှာဘဲထား...ဟုတ်ပြီလား...?''

လုချင်းယီ...သူ့မျက်နှာကို ကြည့်လိုက်ပြီး တခစ်ခစ် ရယ်လာ၏။ ထို့နောက် သူရဲ့ ပါးကို ကိုင်လိုက်ကာ လက်မနဲ့ ကြင်နာစွာ ပွတ်သပ်လိုက်ပြီး...

" အရူး...၊ ကျွန်မရဲ့ စိတ်ထဲမှာ ရှင်က အမြဲစိုးမိုးနေတာပါ....မနာလို မဖြစ်ပါနဲ့...''

ရှန်းရီ ပြုံးလာ၏။ သူမရဲ့ နှလုံးသားကို ဖမ်းစားနိုင်လွန်းတဲ့ သူမကြိုက်တဲ့ ဒီ အပြုံးလေး....
ပြီးနောက် သူက သူမကို ဆာလောင်တဲ့ အကြည့်တွေနဲ့ ကြည့်လာပြန်သည်။

ရှန်းရီ...အကျႌကြယ်သီး ဖြုတ်နေတာကို လုချင်းယီ ....စိတ်လှုပ်ရှားစွာနဲ့ကြည့်နေမိသည်။သူ့ရဲ့ သန်မာတောင့်တင်းတဲ့ ကြွက်သားတွေက သရေယိုစရာ။ ထို့နောက် သူက အကျႌချွတ်လိုက်ပြီး သူမဆီသို့ တဖြည်းဖြည်းရွေ့လာတော့သည်။



စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now