Chapter 169 Jiang Liu's Probing ( Z & U)

Start from the beginning
                                    

သူ ပျင်းနေသည်ဟု ခံစားနေရသော်လည်း သူ့ရှေ့တွင် လမ်းလျှောက်နေသော Jiang Liu က သူ့ရဲ့အရှိန်ကို ဖြည်းဖြည်းချင်းလျော့ချလိုက်သည်။ အလွန်လျင်မြန်စွာပင် သူနှင့် ဘေးချင်းယှဉ်ယှက် လျှောက်နေပြီ။

Jiang Liu က သူနှင့်စကားပြောရန် အခွင့်ကောင်းကို စောင့်နေသည်ဟု ထင်ရသည်။ You XiaoMo ကို ကြည့်နေသော နုပျိုတောက်ပသော မျက်နှာကနေ အလွန်တောက်ပသော အပြုံးတစ်ခု က ပေါက်ကွဲထါက်နေသည်။ သူက ပြုံးရင်းနှင့် “အစ်ကိုကြီးYou မတွေ့တာ ကြာပြီနော် ကျွန်တော်က သုခဘုံနယ်မြေထဲမှာ တကယ်ကြီးတွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။ ကံဆုံတာ ဖြစ်ရမယ်နော့် ဟုတ်တယ်မလား”

“အ..ဒါပေါ့” You XiaoMo က ခြောက်ကပ်ကပ် ရယ်လိုက်သည်။

ဘာကံလဲ။ သူ့အမြင်အရဆိုရင် ဒါက ကံဆိုးဖို့ပဲ များတယ်။ Jiang Liu က သူသေချာပေါက် သုခဘုံနယ်မြေကို လာနိုင်လိမ့်မည်ဟု မထင်ထားတာတော့ သူသိသည်။

သို့သော်ငြားလည်း သူသည်လည်း အပေါ်ယံမှာ တူညီသော အမူအယာသာ ထိန်းထားလိုက်သည်။ သူက အရမ်းစပ်စုချင်နေတာပဲ။ သူနှင့် Jiang Liu က မတူညီသော တောင်ထွတ်များက ဂိုဏ်းသားများဖြစ်ကာ အချင်းချင်း အဆက်အသွယ် သိပ်မရှိကြပေ။ ကောင်းကင်တောင်ထွတ်နှင့် မြေကမ္ဘာတောင်ထွတ်ကြားမှာ ပဋိပက္ခတွေ ရှိသော်လည်း သူတု့က တစ်နှစ်တောင် မရှိသေးသော အသစ်စက်စက် ၀င်ရောက်လာသော ဂိုဏ်းသားများသာ ဖြစ်သည်။  သူ့ကိုယ်သူ သူ့တောင်ထွတ်ထဲကလို့ စိတ်ထဲ မှတ်ယူထားရင်တောင်မှ သူ့ကို ကျောကနေ လုပ်ကြံမည်လောက်အောင်ထိကတော့ လက်ခံဖို့ ခက်ခဲလှသည်။ သို့သော် အရင်က ကိစ္စများကို အခုပြန်စဉ်းစားကြည့်လျှင်တော့ Jiang Liu က သူ့ကို အစတည်းက မုန်းနေတာ ဖြစ်လိမ့်မည်ဟု ခံစားမိသည်။

သို့သော် သူ့ကို Jiang Liu ဘာ့ကြောင့် အရမ်းမုန်းနေမှန်း သူ သဘောမပေါက်ဘူးဖြစ်နေသည်။ သူ Jiang Liuကို မကျေမနပ်ဖြစ်စရာများ ဖြစ်စေသလားဆိုတာ မမှတ်မိဘူးဖြစ်နေသည်သို့သော် မူလ You XiaoMo အတွက်တော့ သူမသေချာပေ။

Jiang Liuက သူစိတ်ပူပန်နေမှုတွေကို ခံစားမိပုံမရ။ သူက သူ့အောက်က သွေးပြာဝံပုလွေကို ငေးကြည့်ကာ အားကျသလိုမျိုး “အစ်ကိုကြီး Youရဲ့ကံက အရမ်းကောင်းတာပဲ။ သုခဘုံနယ်မြေထဲ ၀င်လာတာ ရက်နည်းနည်းပဲ ရှိသေးတယ် အဆင့်ရှစ်သွေးပြာဝံပုလွေတစ်ကောင် ရထားပြီးပြီ။ စာလိပ်ထဲ ဖတ်လိုက်ရတာတော့ သွေးပြာဝံပုလွေရဲ့ တိုက်ခိုက်စွမ်းရည်က အရမ်းသန်မာတယ်တဲ့ အဆင့်တူမှော်ဝင်သားရဲတွေထဲမှာ အကောင်းဆုံးထဲက တစ်ခု ဖြစ်နိုင်တယ်။ ကျွန်တော်လဲ သွေးပြာဝံပုလွေ တစ်ကောင်လောက် တကယ် လိုချင်လိုက်တာ”

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now